ဒီပဲယင်းလုပ်ကြံမှု ၁၆ နှစ်ပြည့်အခမ်းအနားကျင်းပ

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို လုပ်ကြံတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်း ၁၆ နှစ် ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဒီပဲယင်းလုပ်ကြံမှု ၁၆ နှစ်ပြည့်အခမ်းအနားကို ရေဦး-မုံရွာကားလမ်းမဘေး ကျည်ရွာအဝင်မှာ ၂ဝ၁၉ မေလ ၃ဝ ရက်နေ့က ကျင်းပခဲ့ကြစဉ်။ Photo: Phoe Kyaw

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို လုပ်ကြံတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်း ၁၆ နှစ် ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း ကျဆုံးသွားသူတွေအတွက် လွမ်းသူ့ပန်းခွေချပြီး သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်း အမျှပေးဝေခဲ့ပါတယ်။ အခမ်းအနားတက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီဗဟိုအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က....

“ ဒါဟာ ဖြစ်ခဲ့တာတွေအတွက် လက်စားချေဖို့မဟုတ်ဘူး။ တချိန်က စစ်အာဏာရှင်လက်ထက်မှာ ဒါမျိုးဖြစ်ခဲ့တယ်။ ဒီလိုခံစားချက်တွေရှိခဲ့တယ်ဆိုတာ ပြသချင်တဲ့အတွက် ဖြစ်တယ်” လို့ RFA ကို ပြောပါတယ်။

ဒါ့အပြင် ဒီပဲယင်းအထိမ်းအမှတ်အဖြစ် ကျည်ရွာထိပ်မှာ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားပြီး အဲဒီဘေးမှာဘဲ ပြတိုက်တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့လည်းပြောပါတယ်။

ဒီကနေ့အခမ်းအနားကို NLD ပါတီဝင်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅ဝဝ ကျော်လောက်တက် ရောက်ခဲ့ကြပါတယ်။

၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ ပါတီဝင်တွေ မန္တလေးကနေ မုံရွာတလျှောက် ခရီးထွက်စဉ်မှာ စစ်ကိုင်းတိုင်း ကျည်ရွာအရောက် ထောင်ဂဏန်းလောက်ရှိတဲ့ လူအုပ်စုတစ်စုက အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အတွက် NLD ပါတီဝင်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၇ဝ လောက် သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org