နိုင်ငံပိုင် သတင်းစာတွေ ရဲ့ ရေးသားဖော်ပြချက် လွှတ်တော်ဝေဖန်
ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော် သမ္မတတို့အကြား ပေးပို့တဲ့သဝဏ်လွှာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ မသိရှိရသေးဘဲ နိုင်ငံပိုင်သတင်းစာတွေ မှာ ဖော်ပြတာဟာ ပြည်သူတွေ လွှတ်တော်အပေါ် အထင်လွဲအောင် လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက ဒီနေ့ လွှတ်တော် မှာ တင်သွင်းခဲ့ပါတယ်။
-
2013-08-22 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော်သမ္မတတို့ အကြား ပေးပို့တဲ့သဝဏ်လွှာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ မသိရှိရသေးဘဲ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြတာဟာ ပြည် သူတွေ လွှတ်တော်အပေါ် အထင်လွဲအောင် လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက ဒီနေ့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက သမ္မတက လွှတ်တော်ထံပေးပို့တဲ့ ဥပဒေနှစ်ရပ်ကိစ္စနဲ့ ပတ်သက်ပြီး တင်သွင်းစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။
“၅.၈.၂ဝ၁၃ ရက်နေ့ နေ့စွဲဖြင့်ပေးပို့လာတဲ့ သဝဏ်လွှာနဲ့ ၇.၈.၂ဝ၁၃ ရက်နေ့ နေ့စွဲဖြင့်ပေးပို့လာတဲ့ သဝဏ်လွှာများကို ပူးတွဲဖော်ပြသော သတင်းထုတ်ပြန်ချက်များသည် နိုင်ငံတော်သမ္မတက လိုက်နာရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁ဝ၅၊ ၁ဝ၆ ပါ ပြဌာန်းချက်အတွက် အကျုံးမဝင်သည့်အပြင် ဥပဒေအရသော်လည်းကောင်း၊ ဥပဒေပြုလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်ဖြင့်သော်လည်းကောင်း လျော်ကန်သင့်မြတ်မှုမရှိပါဟု သုံးသပ်ရရှိပါသည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသော အခွင့်အရေး၊ လုပ်ပိုင်ခွင့်များကို ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိသည့်အခါ အထင်အမြင်လွှဲမှားမှုများ၊ မလိုလားအပ်သော ပြဿနာများမှ တဆင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ထိခိုက်ဆုံးရံှူးနစ်နာမှုများ ရှိလာနိုင်ပါတယ်”
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှစ်ရပ်ကို သမ္မတက အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော်ထံ သုံးသပ်ချက်နဲ့ ပြန်လည်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးပိုင်းက ဥပဒေတစ်ရပ်ရပ်ကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်လိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။