စစ်တွေ မွတ်စလင်ဒုက္ခသည်စခန်း အမေရိကန်သံအမတ် သွားရောက်ကြည့်ရှု

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီး Derek Mitchell ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ သက္ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်း ကို ဒီနေ့ သွားရောက်လေ့လာပြီး မွတ်စလင်ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကို တွေ့ရစဉ်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ သက္ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းကို ဒီနေ့ သွားရောက်လေ့လာပြီး မွတ်စလင်ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်နိုင်ရေးနဲ့ မွတ်စလင်တွေရဲ့ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံဆွေးရာမှာ ပါဝင်ခဲ့တဲ့ မွတ်စလင် ရပ်မိရပ်ဖတစ်ဦး က ပြောပါတယ်။

"ကျနော်တို့လူမျိုးတွေက ဈေးကြီးမှာ ဆိုင် ၁၅ဝ လောက်ရှိတယ်၊ အဲဒီ့ဆိုင်တွေကို ဖွင့်ပြီးတော့ ဈေးကြီး မှာရောင်းနိုင်မယ်ဆိုရင် ရခိုင်မိသားစုတွေနဲ့ ကျနော်တို့နဲ့ ပြန်ပြီးတော့ တဖြည်းဖြည်းနီးစပ်လာမှာဖြစ်တယ်၊ ဒီဆိုင်တွေကို ရောင်းဖို့ သွားလာဖို့အတွက် အဲဒါတွေကိုတောင်းတာရှိမယ်၊ ကျန်းမာရေးဆိုတော့ ကျနော်တို့ နယ်တွေမှာက ကျန်းမာရေးဆေးခန်းရှိတယ်၊ ဆေးကတော့ မလုံလောက်ဘူး၊ ဆရာဝန်တွေလည်းမရှိဘူး၊ ဆရာဝန်နဲ့ ဆေးဝါးတွေရဖို့ စီစဉ်ပေးဖို့အတွက် အကူအညီတောင်းပါတယ်၊ ကျနော်တို့ ၁ဝ တန်းအောင် တဲ့ ကျောင်းသားတွေရှိတယ်၊ တက္ကသိုလ်တက်ဖို့အတွက် အကူအညီတောင်းတာတွေရှိတယ်"

လာမယ့်အစိုးရသစ်အပေါ် မွတ်စလင်တွေရဲ့ အမြင်တွေ၊ ဆန္ဒသဘောထားတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်ကြီးဟာ ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်း ခေါင်းဆောင်အချို့နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်ပြန်လည်သင့်မြတ်နိုင်ရေးကိစ္စရပ်တွေ၊ ပါတီရဲ့ သဘောထား ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးနဲ့ သံအရာရှိတချို့လည်း လိုက်ပါခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org