ဘာသာရေးပြဿနာ ဖြေ ရှင်းရေး ပြည်တွင်းပြည် ပတောင်းဆို
ဘာသာရေးအဆောက်အဦးတွေကို ဥပဒေ မဲ့ လူအုပ်နဲ့ ဖျက်ဆီးနေတဲ့လုပ်ရပ်တွေ ကို ဖေါ်ထုတ်အရေး အယူပေးဖို့နဲ့ နောက်နောင်ဒီဖြစ်ရပ်တွေ မပေါ်ပေါက်အောင် အစိုးရအနေနဲ့ တိတိကျကျကိုင် တွယ် ဖြေရှင်းပေးဖို့ အစိုးရမဟုတ်တဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း ၁၉ ဖွဲ့က ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက် တွန်းလိုက်ပါတယ်။
-
2016-07-05 -
-
-
Your browser doesn’t support HTML5 audio
ဘာသာရေးအဆောက်အဦးတွေကို ဥပဒေမဲ့ လူအုပ်နဲ့ ဖျက်ဆီးနေတဲ့လုပ်ရပ်တွေကို ဖေါ်ထုတ်အရေး အယူပေးဖို့နဲ့ နောက်နောင်ဒီဖြစ်ရပ်တွေ မပေါ်ပေါက်အောင် အစိုးရအနေနဲ့ တိတိကျကျ ကိုင်တွယ် ဖြေရှင်းပေးဖို့ အစိုးရမဟုတ်တဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း ၁၉ ဖွဲ့က ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်တဲ့ မန္တလေးမြို့အခြေစိုက် စင်ရော်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုဟယ်ရီမျိုးလင်းက တရားဥပဒေအတိုင်းဖြစ်စေချင်လို့ တိုက်တွန်းတာလို့ ပြောပါတယ်။
"ပြဿနာတွေကတောက်လျှောက်ဖြစ်လာဖို့ရှိတယ်၊ တခြားမြို့တွေဆိုရင်လည်း ဝတ်ပြုဆောင်တည်ဆောက် ထားတာနဲ့ ပတ်သက်ပြီးတော့ တရားမဝင်ဘူး၊ တရားဝင်တယ်၊ အငြင်းပွားမှုတွေရှိနေတယ်၊ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတုန်းက တရားဥပဒေစိုးမိုးမှုမရှိခဲ့ဘူး၊ နောက်ဒီလိုမျိုး ဘာသာရေးအဆောက်အအုံ တည်ဆောက်မှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေလည်းမရှိဘူး၊ အောက်ခြေအဆင့်နဲ့ ညှိပြီးတော့ လုပ်ခဲ့ရတာတွေရှိတယ်၊ ဥပဒေအရ တရားဝင်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ၊ တရားမဝင်လို့ ဖျက်ခဲ့မယ်ဆိုရင်လည်း နှောင့်ယှက်တာဖြစ်တဲ့အတွက် အရေးယူဖို့ကိုပြောတာပါ"
ပဲခူးတိုင်း ဝေါမြို့နယ် သရဲသမိန်ရွာနဲ့ ဖားကန့်မြို့နယ် လုံးခင်းရွာက ခွင့်ပြုချက်လျှောက်ထားဆဲ အစ္စလာမ် ဝတ်ပြုဆောင်တွေကို လူအုပ်နဲ့ ဝိုင်းဝန်းဖျက်ဆီးခံရတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဆောင်ရွက်တဲ့ အဖွဲ့တွေက တောင်းဆိုလိုက်တာဖြစ်ပါတယ်။
တောင်းဆိုတဲ့အဖွဲ့တွေထဲမှာ စင်ရော်အဖွဲ့နဲ့ အတူ၊ ညီမျှခြင်းမြန်မာ၊ မေတ္တာကမ်ပိန်း၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ကချင်လူငယ်အဖွဲ့၊ ကချင်အမျိုးသမီး အဖွဲ့တို့ပါဝင်သလို၊ Burma Campaign UK လို ပြည်ပအဖွဲ့အစည်းတွေလဲပါဝင်ပါတယ်။
ဘာသာရေးပဋိပက္ခတွေကို တရားဥပဒေအရ ကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ ထောက်ပြကြတာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော်စုစည်း တင်ပြထားပါတယ်။