ထားဝယ်ခရိုင် ကလုံထာရွာမှာ စစ်ကောင်စီ သတင်းပေးနှစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကလုံထာရွာမှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ စွပ်စွဲခံရသူနှစ်ဦးကို သုတ်သင်လိုက်တယ်လို့ DGRF (Dawei Guerrilla Revolutionary Force) အဖွဲ့က ဒီဇင်ဘာ ၆ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

Dawei Guerrilla Revolutionary Force (DGRF) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ် Photo: DGRF

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကလုံထာရွာမှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ စွပ်စွဲခံရသူနှစ်ဦးကို သုတ် သင်လိုက်တယ်လို့ DGRF (Dawei Guerrilla Revolutionary Force) အဖွဲ့က ဒီဇင်ဘာ ၆ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ဒလန်လို့ စွပ်စွဲခံထားရတဲ့ ဦးဘသိန်းနဲ့ ဦးအောင်စိုးတို့ဟာ ဒီဇင်ဘာ ၅ ရက်က ကလုံထာရွာမှာအနီးမှာတင် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီနှစ်ယောက်က ရွာထဲရွာပြင် ဘယ်သူဘာလုပ်တယ်ဆိုတာ စောင့်ကြည့်နေကြတာ၊ ပြီးရင် စစ်ကောင်စီကို တိုင်တာပဲ၊ ကျနော့်ကိုလည်း စစ်ကောင်စီနဲ့ တိုင်ထားလို့ ရွာကနေ ပြောင်းခဲ့ရတယ်"

ဦးဘသိန်းဟာ ကလုံထာရွာဘေး ရေနက်ဆိပ်ကမ်းလမ်းမှာ မနက် ၉ နာရီလောက်က ပစ်သတ်ခံရပြီး ဦးအောင်စိုးကတော့ ကလုံထာရွာထိပ်မှာ ညနေ ၅ နာရီလောက်က ပစ်သတ်ခံခဲ့ရတာလို့လည်း ပြောပါတယ်။

ဦးဘသိန်းနဲ့ ဦးအောင်စိုးတို့ဟာ စစ်ကောင်စီကို သတင်းပေးပို့တာတွေ၊ စစ်ကောင်စီကို အားပေးအားမြှောက် လုပ်ရပ်တွေလုပ်လို့ သုတ်သင်ရှင်းလင်းခဲ့တယ်လို့ DGRF (Dawei Guerrilla Revolutionary Force) အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org