အမေရိကန်နဲ့ အင်ဒိုနီးရှား သမ္မတတွေ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မနေ့က အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုနဲ့ တွေ့ဆုံခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
-
RFA Burmese
2023-11-14 -
-
-
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မနေ့က အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုနဲ့ တွေ့ဆုံခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်းတွေ့ဆုံဖို့ရှိတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
မနေ့က အင်ဒိုနီးရှားသမ္မတနဲ့ ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်မှာ တွေဆုံရာမှာ မြန်မာနိုင်ငံအရေး အပါအ၀င်တခြား အရေးကြီးတဲ့ ကိစ္စရပ်တွေကိုဆွေးနွေးတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အင်ဒိုနီးရှားအနေနဲ့ ဆိုင်ဘာလုံခြုံရေး အပါအ၀င် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အပြင် နယူးကလီးယား ခြိမ်းခြောက်မှု အန္တရာယ်အတွက် ပူးတွဲလေ့ကျင်ရေးတွေပါ ပြုလုပ်ဖို့ရှိနေပါတယ်။
အင်ဒိုနီးရှား သမ္မတဟာ အမေရိကန်နိုင်ငံအနောက်ဘက်ခြမ်း ဆန်ဖရန်စ္စကိုမြို့ မှာ ပြုလုပ်မယ့် အာရှပစ္စဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအ၀ေး (APEC) ကို တက်ရောက်ဖို့ ရောက်ရှိလာတာဖြစ်ပြီး သမ္မတဘိုင်ဒင်ကို အိမ်ဖြူတော်မှာ လာရောက်တွေ့ဆုံတာပါ။ အမေရိကန် သမ္မတဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဆန်ဖရန်စ္စကိုမြို့ မှာ တွေ့ဆုံဖို့ရှိပါတယ်။