လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းရေးအစီရင်ခံစာ တတိယပိုင်း လွှတ်တော်မှာ ဆွေးနွေး
နိုင်ငံပိုင် စီမံကိန်းတွေ၊ အစိုးရဌာန ဆိုင်ရာတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးဖို့နဲ့ တချို့လယ် ယာမြေတွေကို လယ်သမားတွေထံ ပြန်ပေးဖို့ပါရှိတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ အစီရင်ခံစာအပိုင်း (၃) ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး က ဆွေးနွေးခဲ့ပါတယ်။
-
2013-08-15 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံပိုင် စီမံကိန်းတွေ၊ အစိုးရ ဌာနဆိုင်ရာတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးဖို့နဲ့ တချို့လယ်ယာမြေတွေကို လယ်သမားတွေထံ ပြန်ပေးဖို့ပါရှိတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း (၃) ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ပါတယ်။
ဒီနေ့ေဆွးနွေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသြကီး လယ်ယာမြေသိမ်းဆည်းမှု စစ်ဆေးရေးအဖွဲ့ ေခါင်းဆောင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြန်ပေးသင့်တဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
“စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများအတွက် မြေသိမ်းမှုကိစ္စရပ်များမှာ ဌာနဆိုင်ရာအဖွဲ့အစည်းတချို့နဲ့ ကုမ္ပဏီများ၊ ပုဂ္ဂုလိကများက နိုင်ငံတော်စီမံကိန်း အကြောင်းပြပြီးတော့မှ၎င်းတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်လုပ်ပိုင်ခွင့်အခွင့်အာဏာနှင့်ဌာနဆိုင်ရာအရှိန်အဝါသုံးပြီးသိမ်းယူခဲ့တဲ့အတွက် တောင်သူလယ်သမားများ မြေပြင်တွင် အမှန်တကယ် အလုပ်လုပ်ကိုင်နေတဲ့ မြေတချို့ကိုလည်း သိမ်းဆည်းရာမှာ ပါသွားတဲ့အတွက် နစ်နာမှုများရှိကြောင်း သိရှိရပါတယ်၊ စီမံကိန်းများကြောင့် သိမ်းဆည်းရာမှာပါသွားသော တောင်သူလယ်သမားများကို မူလလုပ်ပိုင်ခွင့်အရ ဧကများအတိုင်း ဥပဒေနဲ့အညီ တရားဝင်အမည်ပေါက်များဖြင့် စနစ်တကျ ပြန်လည်လုပ်ပိုင်ခွင့်ပေးသင့်ကြောင်း အကြံပြုချက်ဟာ အင်မတန်မှ ဓမ္မဓိဌာန်ကျတာကို တွေ့ရှိရတဲ့အတွက် ထောက်ခံတင်ပြအပ်ပါတယ်”
အဲဒီ အစီရင်ခံစာအပိုင်း( ၃ ) မှာ တရားဝင် စိုက်ပျိုးခွင့်ရပြီး အမှန်တကယ် လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေမှာ လူအုပ်စုနဲ့ မင်းမဲ့စရိုက် ဆန်ဆန် အဓမ္မ အကြမ်းဖက် နှောင့်ယှက် ဖျက်ဆီးနေတာတွေကို တည်ဆဲ ဥပဒေနဲ့အညီ အစိုးရက အရေးယူပေးဖို့ကိုလည်း အစီရင်ခံစာက တိုက်တွန်းထားပါတယ်။
အစီရင်ခံစာကို ဆွေးနွေးဖို့ပြောထားတဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦးရှိပေမယ့် ဒီနေ့မှာတော့ ၁၂ ဦးက ဆွေးနွေးခဲ့ြပီး မနက်ဖြန်မှာ ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။
ဒီအတောအတွင်း တစ်နိုင်ငံလုံးမှာ သိမ်းထားတဲ့ လယ်ယာမြေတွေကို တောင်သူတွေထံပြန်ပေးဖို့ ရည်ရွယ်ချက်နဲ့ ကချင်ပြည်နယ် လိုင်ဇာအထိ လမ်းလျှောက်သူ လယ်သမား ၁၆ ယောက်ကို ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့က ဒီကနေ့ တားဆီးခဲ့ပါတယ်။
တားဆီးခံရတာနဲ့ ပတ်သက်ြပီး အဲဒီအဖွဲ့ကို ဦးဆောင်သူ ဦးခင်ဇော်က RFA ကို အခုလို ပြောပါတယ်။
“ရမည်းသင်းမြို့နယ်အဝင် ကင်ပွန်းချုံကျေးရွာမှာ ကျနော်တို့စပြီးတော့ အတားခံရတာပါ၊ ရမည်းသင်းမြို့နယ်က မြို့နယ်ရဲမှူးရယ်၊ မြို့နယ်ရယကအဖွဲ့တွေရယ် အင်အား ၅ဝ ကျော်လောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ကျနော်တို့ကို ပိတ်ဆို့တားဆီးတယ်၊ ကျနော်တို့ကို တားတဲ့အခါကျတော့ ကျနော်တို့က တရားဝင်ခွင့်ပြုချက်တင်ပြီးတော့မှ ထွက်လာခဲ့တာလို့ပြောတော့ သူတို့က တိုင်းချင်းမတူတဲ့အတွက် လက်ခံပေးလို့မရဘူးတဲ့၊ ကျနော်တို့ နေပြည်တော်မှာရှိတဲ့ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းနဲ့ သွားဆွေးနွေးဖို့ အခုနေပြည်တော်ကိုပြည်လှည့်တယ်”
အဲဒီ လမ်းလျှောက်သူတွေဟာ မနေ့မနက်ပိုင်းက တောင်ငူမြို့ မင်းကြီးညိုရုပ်ထုရှေ့ကနေ စတင်ထွက်ခွာခဲ့တာလို့ ဆိုပါတယ်။
လမ်းတလျှောက် မြို့တစ်မြို့ရောက်တိုင်း နှစ်နာရီသာ လမ်းလျှောက်ခွင့်ရပြီး ကျန်ခရီးကို ကားနဲ့သာသွားခွင့်ပြုတယ်လို့ ဆိုပါတယ်။လမ်းလျှောက်ချီတက်ကြတဲ့ အဖွဲ့ဝင်တွေကတော့ တောင်ငူ၊ အုတ်တွင်းနဲ့ ရေတာရှည်မြို့နယ်တွေက လယ်သမားတွေ ဖြစ်ပါတယ်။
လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တွေ့ရှိချက် အစီရင်ခံစာ အပိုင်း (၃) နဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့တဲ့အကြောင်း RFA သတင်းထောက် မဇင်မာဝင်းရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။