ကရင်ပြည်နယ်မှာ ဒီကေဘီအေနဲ့ တိုက်ပွဲ ထပ်မံဖြစ်ပွား

မြန်မာအစိုးရစစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ဒီကနေ့ မနက် ၁၁ နာရီလောက် က ကရင်ပြည်နယ် ကော့ကရိတ် တောင် ပိုင်း ၃ မိုင်အကွာမှာရှိတဲ့ ရွာသစ်ကုန်းကျေးရွာမှာ တိုက် ပွဲဖြစ်ပွားခဲ့ပါတယ်။

DKBA စစ်ရေးပြ အခမ်းအနားတစ်ခုကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

မြန်မာအစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေ ဒီကနေ့ မနက် ၁၁ နာရီလောက်က ကရင်ပြည်နယ် ကော့က ရိတ် တောင်ပိုင်း ၃ မိုင်အကွာမှာရှိတဲ့ ရွာသစ်ကုန်းကျေး ရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အစိုးရတပ် စကခ (၁၂) လက်အောက်ခံ တပ်ရင်းတပ် ဖွဲ့တွေနဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေ ဗိုလ်မှူးကြီး စောကျော်သက်ရဲ့ ကလို ထူးဝါးဗျူဟာ တပ်ဖွဲ့ဝင်တွေအကြား   မိနစ် ၃၀ လောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ ကော့ကရိတ် ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး သရဲနီက အတည်ပြု ပြောပါတယ်။

"ကျနော်တို့အဖွဲ့က သူ့နေရာနဲ့ သူပဲနေတယ်လေ၊ စစ်တပ်ဖက်က တက်လာပစ်တယ်၊ စကခ (၁၂) လက်အောက်ခံ ၅၄၆ တို့ ၂၃ဝ တို့၊ ကိုယ့်နေရာနဲ့ ကိုယ်ပဲနေတယ်၊ သူတို့အဖွဲ့လာရင်တော့ ငါတို့အဖွဲ့က တွေ့ရင်တော့ပစ်မှာပဲ၊ ဒါပဲ၊ မနေ့ညကတော့ တက်လာတာ ၁ဝဝ ကျော်၊ ၁၅ဝ၊ အခုလောက်ဆိုရင်တော့ ၅ဝဝ လောက်ရှိမှာပဲ၊ ကော့ကရိတ်နဲ့ ဘားအံလမ်းကြောင်းမှာ စစ်ယာဉ်တန်းတက်လာတယ်"

ဒီပစ်ခတ်မှုအတွင်း ထိခိုက်ကျဆုံးမှုမရှိပေမယ့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဒေသခံပြည်သူတွေလည်း စိုးရိမ်ထိန့်လန်နေကြတယ်လို့ သိရပါတယ်။

အလားတူ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မယ်တဝေါဒေသမှာလည်း ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးကြီးစောဘိ ဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေနဲ့ ဒေသအခြေစိုက် အစိုးရတပ်ဖွဲ့ဝင်တွေအကြား ဒီကနေ့ ပစ်ခတ်မှု တချို့ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေ မသိရသေးဘူးလို့ ဒီကေဘီအေတပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org