စစ်တွေ DMG သတင်းဌာန ချိပ်ပိတ်ခံရမှု စစ်ကောင်စီကို RSF ပြစ်တင်ရှုတ်ချ
စစ်တွေ DMG သတင်းဌာန စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာကို RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြစ်တင်ရှုတ်ချလိုက်ပြီး ဝန်ထမ်းနှစ်ယောက်ကို လွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
- 2023-11-05
-
-
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် သတင်းဌာန Development Media Group ၏ ရုံးခန်းအား ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်။
RFA
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာကို RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြစ်တင်ရှုတ်ချလိုက်ပြီး သတင်းဌာန ဝန်ထမ်း နှစ်ယောက်ကို လွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
လွတ်လပ်တဲ့ DMG အွန်လိုင်းသတင်းဌာနကို စစ်ကောင်စီက မရပ်မနား ဆက်လက်ထိပါး နှောင့်ယှက်တယ်လို့လည်း RSF က နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်တွေမြို့ ဆွမ်းဆန်စိမ်းလောင်းပွဲ သတင်းရယူနေတဲ့ သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးပြီး နာရီပိုင်းအကြာမှာ DMG သတင်းဌာနကို ဝင်ရောက်စီးနင်းရှာဖွေချိန်မှာ ရှင်းလင်းချက် တစ်စုံတစ်ရာမပေးဘဲ ကင်မရာတွေ၊ ကွန်ပျူတာလက်တော့ပ်တွေ သိမ်းဆည်းပါတယ်။ တခြား ဝန်ထမ်းတွေ တိမ်းရှောင်နေကြချိန်မှာ ညစောင့် ကိုစိုးဝင်းအောင်ကတော့ ဖမ်းဆီးခံလိုက်ရပါတယ်။