ဒေါ်လာဈေးကစားလို့ တရားခံပြေး သတ်မှတ်ထားသူ လာရောက်အဖမ်းခံ

ရွှေဘုံသာလမ်းမှာ ဒေါ်လာဈေး ကစားသူတွေထဲက တရားခံပြေးအဖြစ် သတ်မှတ်ထားသူတစ်ဦး လာရောက်အဖမ်းခံထားပြီး တရားစွဲတင်ဖို့ လုပ်နေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စ သုံးလုံးက သိရပါတယ်။

အမေရိကန်ဒေါ်လာငွေရေနေသူတစ်ဦးကို တွေ့ရစဉ် Photo: AAMIR QURESHI / AFP

ရွှေဘုံသာလမ်းမှာ ဒေါ်လာဈေး ကစားသူတွေထဲက တရားခံပြေးအဖြစ် သတ်မှတ်ထားသူတစ်ဦး လာရောက် အဖမ်းခံထားပြီး တရားစွဲတင်ဖို့ လုပ်နေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စ သုံးလုံးက သိရပါတယ်။

လက်ရှိဖမ်းဆီးထားသူ ၅ ဦးရှိပြီဖြစ်ပြီး နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂၊ ၄၃ တို့နဲ့ အမှုဖွင့်ထားတယ်လို့ စ သုံးလုံးက ညွှန်ကြားရေးမှူး ဦးမျိုးအောင် က ပြောပါတယ်။

"’ကျနော်တို့က အမှုတော့ဖွင့်ထားပြီးတော့ အပြေးပေါ့နော်၊ လေးယောက်ကတော့ တခါတည်းဖမ်းထားတယ်၊ ပြေးနေတဲ့တစ်ယောက်ကတော့ လာပြီးတော့ အစစ်ဆေးခံတယ်၊ ကျနော်တို့နာမည်တော့ မပြောချင်ဘူးခင်ဗျ၊ ဒေါ်လာနဲ့ ပတ်သက်တဲ့သူတွေပါပဲ၊ သူတို့ရဲ့တည်နေရာပေါ်မူတည်ပြီး သက်ဆိုင်ရာ အပိုင်ရဲစခန်းမှာ အမှုဖွင့်တာပါ၊ ရမန်ယူထားပြီး တရားစွဲဖို့လုပ်ရမှာပေါ့နော် ဆောင်ရွက်နေတုန်းပဲဖြစ်ပါတယ် "

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ဒေါ်လာဈေးကစားသူတွေကို အရေးယူမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီးနောက်ပိုင်း စ သုံးလုံးက ဒေါ်လာနဲ့ ရွှေဈေး တရားမဝင်ဈေးကစားသူတွေကို စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

စက်တင်ဘာလ ၂၁ ရက်နေ့က တစ်ဒေါ်လာကို အမြင့်ဆုံး ကျပ် ၁,၆၃၀ ရှိခဲ့သလို ရွှေဈေးကလည်း တစ်ကျပ်သား ၁၀ သိန်း ၃ သောင်းအထိ မြင့်တက်ခဲ့ပါတယ်။

စသုံးလုံးက ဖမ်းဆီးစစ်ဆေးတာတွေလုပ်ပြီးနောက်ပိုင်းမှာ တစ်ဒေါ်လာကို ကျပ် ၁,၅၂၀ ဝန်းကျင်နဲ့ ရွှေဈေးကတော့ တစ်ကျပ်သားကို ၉ သိန်း ၇ သောင်းဝန်းကျင်လောက်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org