စစ်ဘေးဒုက္ခသည်များအား မန္တလေးတိုင်း ကချင်ကော်မတီက သိန်း ၁၅ဝဝ လှူ

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒေသခံပြည်သူတွေအတွက် မန္တလေးတိုင်း ကချင်ရိုးရာ ယဉ်ကျေးမှုကော်မတီက ငွေကျပ်သိန်း ၁၅ဝဝ လှူဒါန်းလိုက်ပါတယ်။

ဝိုင်းမော်မြို့ သာဂရသရက်တောကျောင်းမှာ မန္တလေးတိုင်း ကချင်ရိုးရာယဉ်ကျေးမှုကော်မတီနဲ့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင်တွေ စစ်ဘေးရှောင်ပြည်သူတွေကို စက်တင်ဘာလ ၁၆ ရက်နေ့က လာရောက်တွေ့ဆုံလှူဒါန်းစဉ် photo: RFA/ Kyaw Myo Min

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုှုံနေကြတဲ့ ဒေသခံပြည်သူတွေအတွက် မန္တလေးတိုင်း ကချင်ရိုးရာ ယဉ်ကျေးမှုကော်မတီ က ငွေကျပ်သိန်း ၁၅ဝဝ လှူဒါန်းလိုက်ပါတယ်။

အဲဒီကော်မတီက တာန်ရှိသူတွေဟာ ဒီနေိုင်းမော်သာဂရ သရက်တော ဘုန်းြကီးကျောင်းမှာ လှူဒါန်းတာဖြစ်တယ်လို့  ကချင်ရိုးရာယဉ်ကျေးှု ကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးအယ်လ်ယောင်ထန်က ပြောပါတယ်။

ငွေ သိန်း ၁၅ဝဝ ကို ကျနော်တို့ဒေသ အားလုံးအပေါ်မှာ မျှဝေပြီးတော့ လှူဒါန်းသွားဖို့ကို လုပ်ထားပါတယ်၊ ကျနော်တို့ ရည်ရွယ်ချက်သည် လူသားချင်းစာနာထောက်ထားချင်းအားဖြင့် အားလုံးအပေါ်မှာ သက်ရောက်မှုရှိအောင် ကူညီလှူဒါန်းသွားဖို့ပါ”

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က မန္တလေးမြို့မှာ "ငြိမ်းချမ်းသံစဉ် မနောအက သဘင်" ဆိုတဲ့အမည်နဲ့ ရန်ပုံငွေရှာဖွေကရရှိတဲ့ အလှူငွေတွေကို လှူဒါန်းတာို့လည်း သိရပါတယ်။

ဒီကနေ့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းတွေမှာ လှူဒါန်းခဲ့တာဖြစ်ြီး မနက်ဖြန်မှာတော့ အဲဒီမှာရှိကြတဲ့ ကက်သလစ်နဲ့ နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းမယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org