ဥပဒေ စည်းမျဉ်းများအတိုင်းဆိုရင် မဲမသမာမှုများ စိုးရိမ်စရာမလို

မြန်မာနိုင်ငံမှာ ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲပြီးဆုံးသွားလို့ မဲလက်မှတ်တွေ ရေတွက်ကြတဲ့အခါမှာ လူအများ စိုးရိမ်နေကြသလို မဲလိမ် မဲခိုးမှုတွေ လုပ်လို့ မရအောင် တရားဥပဒေပိုင်းက စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လို့ NLD ရှေ့နေ ဦးကိုနီက ပြောကြားလိုက်ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်မှာ နိုဝင်ဘာလ ၂ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တစ်ဦး ကြိုတင်မဲပေးစဉ် Photo: Win Ko Ko Latt/RFA

မြန်မာနိုင်ငံမှာ ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲပြီးဆုံးသွားလို့ မဲလက်မှတ်တွေ ရေတွက်ကြတဲ့အခါမှာ လူအများ စိုးရိမ်နေကြသလို မဲလိမ် မဲခိုးမှုတွေ လုပ်လို့ မရအောင် တရားဥပဒေပိုင်းက စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လို့ NLD ရှေ့နေ ဦးကိုနီက ပြောကြားလိုက်ပါတယ်။

မဲရုံတွေ မဖွင့်ခင် မနက် ၅ နာရီလောက်မှာ မဲရုံမှူးတွေက သူနဲ့အတူ ယူဆောင်လာတဲ့ မဲပြားတွေကို ပါတီအသီးသီးက ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ   ရေတွက်ပြပြီး မှတ်ပုံတင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ညနေမဲရုံပိတ်ချိန်မှာ ဆောင်ရွက်ရမယ့် ဆန္ဒမဲပြား ရေတွက်နည်းတွေနဲ့ ပတ်သက်လို့ ဦးကိုနီက RFA ကို  ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဒါပေမယ့် မဲမသမာမှုတွေကို လူတွေက လုပ်ကြတာ ဖြစ်တဲ့အတွက် အလေးထားပြီး စောင့်ကြည့်သွားကြရမယ်၊ အထူးသဖြင့်  ကြိုတင်မဲတွေနဲ့ လိမ်ညာတာမျိုး မဖြစ်အောင် ဂရုထားပြီး ကြည့်သွားကြရမယ်လို့ ဦးကိုနီက ပြောသွားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကိုနီကို RFA ဦးခင်မောင်စိုးက မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org