ကချင်ဝန်ကြီးချုပ် ဖားကန့်ကို ပထမဆုံးအကြိမ် သွားရောက်လေ့ လာမည်
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်း တွင်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသအတွင်းဆောင်ရွက်နေတဲ့ အခြေ အနေတွေကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်ပြီး မနက်ဖြန် ကွင်းဆင်းလေ့လာဖို့ သွားမယ်လို့ သိရပါတယ်။
-
2017-04-03 -
-
-
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသအတွင်း ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်ပြီး မနက်ဖြန် ကွင်းဆင်းလေ့လာဖို့သွားမယ်လို့ သိရပါတယ်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လေ့လာပြီး လူထုနဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြည်နယ်ဝန်ကြီးချုပ် လာရောက်မယ့်အကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဖားကန့်ဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်နယ်အစိုးရက ထိရောက်စွာ မဆောင်ရွက်ခဲ့ဘူးလို့ ပြည်နယ် လွှတ်တော်ရဲ့ သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာကော်မတီက တင်သွင်းတဲ့ အစီရင်စာမှာ ဖော်ပြထားပါတယ်။
အစိုးရသစ်လက်ထက် တစ်နှစ်တာကာလအတွင်းမှာ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဖားကန့်ဒေသကို ပထမဆုံး အကြိမ်သွားရောက်တာ ဖြစ်ပါတယ်။