ကျန်းမာရေးဝန်ကြီး သူ့ရဲ့ပြောကြားချက် ရှင်းလင်း
မြောင်းမြမြို့နယ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဆေးရုံတွေမှာ ဆေးဝါးတွေ ပိုနေတယ်လို့ သူ့အနေနဲ့ ဖြေကြားခဲ့ရာမှာ လိုအပ်ချက်တွေရှိခဲ့ကြောင်း ဝန်ကြီးက ဒီနေ့ ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။
-
2018-04-18 -

ဒီနေ့ နေပြည်တော် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက သူဖြေကြားမှုမှာ လိုအပ်ချက်တွေ ရှိခဲ့တယ်လို့ အခုလို ပြောပါတယ်။
"ကျနော်ဖြေဆိုမှု ပျော့ညံ့သွားတယ် လျော့နည်းသွားတယ် မတိကျတဲ့အတွက် ဒီလိုဖြစ်လာတာ ကျနော့်အတွက် ကျေးဇူးတင်တယ်၊ ကျနော်မှားတာကို ဝန်ခံလိုက်တယ်၊ ဒီနေရာမှာ အဲကိစ္စမပေါ်လာဘူးဆိုရင် ဒီအစည်းအဝေး မခေါ်ဘူး၊ ဒီအစည်းအဝေး မခေါ်ရင် ကျနော်တို့ system ကြီးက ကိုယ့်ကိုကိုယ်ကောင်းတယ်လို့ ထင်နေမှာ မဟုတ်ဘူးလား"
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်က ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ ဒေသခံတချို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒေါက်တာ မြင့်ထွေးက ဆေးရုံတွေမှာ ဆေးတွေသက်တမ်း ကုန်တဲ့အထိ ပိုနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့ ဆွေးနွေးပွဲအပြီးမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာ ဝေဖန်မှုတွေ ဖြစ်လာခဲ့သလို ဝန်ကြီး ဒေါက်တာ မြင့်ထွေးက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေလည်း သူ့ဖြေကြားချက်မှာ လိုအပ်ချက်တွေရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ညွှန်ကြားရေးမှူးချုပ် တွေ၊ တိုင်းနဲ့ ပြည်နယ်အသီးသီးက ကျန်းမာရေးအရာရှိတွေ၊ ဆေးရုံအုပ်ကြီးတွေ တက်ရောက်ကြပါတယ်။