ပင်လုံညီလာခံပြင်ဆင်ရေးကော် မတီနဲ့ DPN ဆွေးနွေး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး တက်ရောက်မယ့် ကချင်ပြည်နယ် မိုင်ဂျားယန်ဆွေးနွေးပွဲကို ခွင့်ပြုပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်တွေက ဒီကနေ့ ၂၁ ရာစု ပင်လုံ ညီလာခံ ပြင်ဆင်ရေးကော်မတီနဲ့ ဒီကနေ့ ဆွေးနွေးခဲ့ ပါတယ်။

UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ၂၁ ရာစု ပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီ တို့ ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းက NRPC မှာ တွေ့ဆုံဆွေးနွေးကြစဉ် Photo: Kyaw Lwin Oo

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး တက်ရောက်မယ့် ကချင်ပြည်နယ် မိုင်ဂျားယန်ဆွေးနွေးပွဲကို ခွင့်ပြုပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်တွေက ဒီကနေ့ ၂၁ ရာစု ပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီနဲ့ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။

UNFC ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အနေနဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မိုင်ဂျားယန် ဆွေးနွေးပွဲကိစ္စကို အစိုးရဆီက ခွင့်ပြုချက်ယူတာလို့ UNFC ကိုယ်စားလှယ် ဦးခူးရယ်က ပြောပါတယ်။

"လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ် ဆိုလို့ရှိရင် ကျနော်တို့ဘက်က ဘယ်လိုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မလဲဆိုတဲ့ အခြေခံပြင်ဆင်မှုတွေ ကျနော်တို့ဘက်က တိတိကျကျပြင်ဆင်နိုင်ဖို့အတွက် ကျနော်တို့ ညီလာခံကျင်ပဖို့ အကြမ်းမျဉ်းပြင်ဆင် ထားတာဖြစ်ပါတယ်၊ အဲ့ဒီတော့ ဒီညီလာခံကျင်းပနိုင်ဖို့အတွက်လည်း အစိုးရကိုတရားဝင် ကျနော်တို့ အနေနဲ့ မေတ္တာရပ်ခံပြီးတော့ ခွင့်ပြုချက်ရယူတာဖြစ်ပါတယ်"

ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တက်ကြမယ့် မိုင်ဂျာယန် ဆွေးနွေးပွဲွကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်လို့ ၂၁ ရာစုပင်လုံညီလာခံ ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။

မိုင်ဂျားယန်မှာ ကျင်းပမယ့် တွေဆုံပွဲကို ဒီလကုန်ပိုင်းလောက် ဖြစ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတိအကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒီကြားထဲမှာ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်တောင်းထားပြီး ဇူလိုင်လလယ်လောက်မှာ တွေ့ဆုံကြမယ်လို့လည်း ခန့်မှန်းပြော ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org