ကုတုပလောင်ဒုက္ခသည်စခန်းကို ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု
2018.04.11
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ လူမှုဝန်ထမ်းဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ နေရပ်ပြန်နိုင်ရေးဟာ အဓိက ကိစ္စတခုဖြစ်တယ်လို့ ပြောကြားလိုက် ပါတယ်။
ကုတုပလောင်စခန်း ကို ပထမဆုံးအကြိမ် လာရောက်လေ့လာတဲ့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်း ကို နောက်ဆုံးရောက်လာတဲ့ ဒုက္ခသည် ၅၀ နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာဝန်ကြီးကို ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်တွေကို လက်ခံထားရတဲ့အတွက် ဘယ်လိုစိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ မြင်စေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မနက်ဖြန် ဒါကာမြို့တော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးကို အမြန်ဆုံးဆောင်ရွက်ဖို့ပါပဲ၊ အခက်အခဲတွေအားလုံးကို ကျနော်တို့ ကျော်လွှားနိုင်မှာပါလို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဒုက္ခသည်စခန်းက ရိုဟင်ဂျာကိုယ်စားလှယ်တွေ နဲ့တွေ့ဆုံအပြီးမှာ ပြောပါတယ်။
နေရပ်ပြန်မယ့် ရိုဟင်ဂျာတွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရနိုင်မလားလို့ မေးမြန်းရာမှာတော့ သူတို့ကိုနိုင်ငံသားပေး ခွင့်ရအောင် ကြိုးစားပါ့မယ်လို့ ဝန်ကြီး ဝင်းမြတ်အေးက ပြောခဲ့ပါတယ်။