ပညာရေးဥပဒေပြင်ရန် ဥပဒေမူကြမ်း ပညာရေးဝန်ကြီးဌာန တင်ပြဆွေးနွေး

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါအချက်တွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြည်ထောင်စု လွှတ်တော် နာယကနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတွေကို တင်ပြခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ အမျိုးလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့ကိုတွေ့ရစဉ် Photo: Thura U Shwe Mann Facebook

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ပါအချက်တွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြည်ထောင်စုလွှတ်တော် နာယကနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတွေကို တင်ပြခဲ့ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ခင်စန်းရီက ရှင်းပြခဲ့တာလို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောပါတယ်။

"ကျောင်းသားတွေဘက်ကပေးတဲ့၊ NNER ဘက်ကပေးတဲ့ တင်လိုက်ရတဲ့ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေမှန်လေးကို သူတို့ကနေပြီးတော့ ကျမတို့လွှတ်တော်ဘက်က နာယကကြီးတွေဆီ ရှင်းပြတယ်၊ နာယကကြီးနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌကြီးကလည်း ပွင့်လင်းမြင်သာစွာနဲ့ စည်းကမ်းစနစ်တကျဖြစ်ရေး အတွက် နည်းနည်းပါးပါးပြန်ပြီးဆွေးနွေးတယ်၊ Procedure လောက်ပဲ၊ ကျန်တာဘာမှမပါဘူး"

ဒီနေ့ အကြိုညှိုနှိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့ တက်ရောက်ခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်မှာတင်သွင်းဖို့ ကျောင်းသား အစိုးရ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org