ခရီးသည်တစ်ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား လေဆိပ်မှာ ဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မလေးရှားနိုင်ငံကိုထွက်ခွာမယ့် ခရီးသည်တစ်ဦးရဲ့ အိတ်အတွင်း ထည့်သွင်းသယ်ဆောင်လာတဲ့ ဖိနပ်တွေထဲက WY နဲ့ R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်း သုံးထောင်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖိနပ်အတွင်း အံဝှက်နဲ့ ထည့်သွင်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးရမိစဉ် Photo: Yangon Police - facebook

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မလေးရှားနိုင်ငံကိုထွက်ခွာမယ့် ခရီးသည်တစ်ဦးရဲ့ အိတ်အတွင်း ထည့်သွင်းသယ်ဆောင်လာတဲ့ ဖိနပ်တွေထဲက WY နဲ့ R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်း သုံးထောင်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ခရမ်းခြံကျေးရွာနေမှာနေထိုင်တဲ့ ဦးအောင်မျိုးမင်းဟာ သြဂုတ်လ ၁၄ ရက်နေ့ညပိုင်းက မလေးရှား လေကြောင်းလိုင်းနဲ့ မလေးရှားနိုင်ငံကိုထွက်ခွာဖို့ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်ကို ရောက်ရှိလာချိန်မှာ ဖမ်းဆီးခံခဲ့တာဖြစ်ပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေဟာ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ အောင်ချမ်းသာ လမ်းမှာနေထိုင်တဲ့ ဒေါ်ခင်မာ လာ(ခ)မော်လီ အသက် ၄၁ နှစ်က မလေးရှားနိုင်ငံကို လူကြုံထည့်ပေးတဲ့ ဖိနပ်အတွင်း ထည့်သွင်းပေးပို့ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မူးယစ်ဆေးဝါးမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အောင်မျိုးမင်း၊ ဒေါ်မြမြဝင်းနဲ့ ဒေါ်ခင်မာလာ(ခ)မော်နီတို့ ၃ ဦးကို  မင်္ဂလာဒုံ မြို့မ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေကြောင်းလည်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org