မလေးရှားကိုသွားမယ့် ခရီးသည်တစ်ဦးထံက မူးယစ်ဆေးဝါး ဖမ်းမိ
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မလေးရှားနိုင်ငံကို ထွက်ခွာမယ့် ခရီးသည်တစ်ဦးရဲ့ အိတ်အတွင်းကနေ ပန်းရောင်စိတ်ကြွဆေးပြား တစ်သောင်းခွဲကျော် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
-
2018-08-19 -
-
-
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မလေးရှားနိုင်ငံကို ထွက်ခွာမယ့် ခရီးသည်တစ်ဦးရဲ့ အိတ်အတွင်းကနေ ပန်းရောင်စိတ်ကြွဆေးပြား တစ်သောင်းခွဲကျော် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
မလေးရှားလေးကြောင်းလိုင်းနဲ့ ထွက်ခွာမယ့် ခရီးသည် အောင်ကိုကိုလင်း (ခေါ်) ရဲလေး ယူဆောင်လာတဲ့ ငါးခြောက်ကြော်အထုတ်အတွင်းကနေ ပန်းရောင်စိတ်ကြွဆေးဝါးတွေကို X-Ray စက်ဖြတ်သန်းချိန်မှာ မူးယစ်ရဲတပ်ဖွဲ့က တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အောင်ကိုကိုလင်း(ခ) ရဲလေးကို မင်္ဂလာဒုံမြို့မရဲစခန်းမှာ မူးယစ်ပုဒ်မ ၄၄/၂ဝ၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂ဝ(ခ)နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံကို သွားရောက်မယ့် ခရီးသည် အမျိုးသား တစ်ဦးဆီကနေ WY နဲ့ R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်း သုံးထောင်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။