ဒုရဲမှူးလိုက်ပါလာတဲ့ ကားပေါ်ကနေ မူးယစ်ဆေးဝါးနဲ့ လက်နက်ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မြို့နယ်မှာ ဒုရဲမှူး တစ်ဦး လိုက်ပါလာတဲ့ ကားပေါ်ကနေ မူးယစ်ဆေးဝါးနဲ့ တရားမဝင် လက်နက်၊ ကျည်ဆံတွေကို ကျောက်မဲမြို့ အိုရီယမ်တယ် တိုးဂိတ်မှာ မနေ့ညက ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်၊ ကျည်ဆံတွေနဲ့ အဖမ်းခံရသူနှစ်ဦးကို တွေ့ရစဉ် .

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ဒုရဲမှူး တစ်ဦး လိုက်ပါလာတဲ့ ကားပေါ်ကနေ မူးယစ်ဆေးဝါးနဲ့ တရားမဝင် လက်နက်၊ ကျည်ဆံတွေကို ကျောက်မဲမြို့ အိုရီယမ်တယ် တိုးဂိတ်မှာ မနေ့ညက ဖမ်းဆီးရမိခဲ့ပါတယ်။

ကျောက်မဲမြို့ဝင် တိုးဂိတ်မှာ တပ်မတော်က လုံခြုံရေးရ စစ်ဆေးရာမှာ ဒုရဲမှူးတစ်ဦး လိုက်ပါလာတဲ့ ပါဂျဲရိုး အဖြူရောင် ကားပေါ်ကနေ မနေ့က ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း ကျောက်မဲမြို့မ ရဲစခန်းက စခန်းမှူး ရဲမှူးဟန်ဝင်းလှိုင် ကပြောပါတယ်။

"ပြောမယ်ဆိုလို့ရှိရင် တပ်ကနေ သူတို့ ပိတ်ဆို့ရှာတာပေါ့၊ ပိတ်ဆို့ရှာတဲ့အခါမှာ ကားကိုရပ်တန့်ရှာဖွေတဲ့အခါမှာ ဒုရဲမှူးတစ်ယောက်နဲ့ ဘေးကမောင်းတဲ့သူတစ်ယောက် နှစ်ယောက်ပေါ့၊ ကားမောင်းလာတဲ့သူက ပြည်သူ့စစ်က လို့ ပြောတယ်၊ အခုသူတို့ကို စစ်ဆေးနေတယ်"

မူးယစ်ဆေးဝါးတွေနဲ့ အတူဖမ်းမိခဲ့တဲ့ ဒုရဲမှူး မိုးမြင့်နိုင်ဟာ မူဆယ်ခရိုင်ရဲတပ်ဖွဲ့ရုံးကဖြစ်ပြီး မူဆယ်ကနေ နောင်ချိုကို သွားဖို့အတွက် တာမိုးညဲ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး မောင်းနှင်လာတဲ့ ကားနဲ့ထွက်ခွာလာချိန်မှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။

အဲဒီကားပေါ်ကနေ အိုက်စ်အမျိုးအစားမူးယစ်ဆေးဝါး ၂၅ ဂရမ်၊ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၂ ပြား၊ မူယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေအပါအဝင် တရားမဝင် ပစ္စတို သေနတ် တစ်လက်၊ ကျည်အိမ်နဲ့ ကျည်ဆံ ၅ တောင့်ကို ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း ကျောက်မဲမြို့မရဲစခန်းက ပြောပါတယ်။

လက်ရှိမှာ ဒုရဲမှူးနဲ့ ယာဉ်မောင်းကို ကျောက်မဲမြို့မ ရဲစခန်းက မူးယစ်ပုဒ်မ ၊ လက်နက်ပုဒ်မတွေနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org