လားရှိုးမြို့နယ်မှာ ဘိန်းချက်စခန်းမိ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မုံးလျံကျေးရွာအနီးမှာ ဘိန်းချက်စခန်း တစ်ခုကို ဘိန်းချက်တဲ့ပစ္စည်း တန်ဖိုး ကျပ်သိန်းလေးထောင်ကျော်ဖိုးနဲ့အတူ သိမ်းဆည်းရမိ ခဲ့ပါတယ်။
-
2016-07-14 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မုံးလျံကျေးရွာအနီးမှာ ဘိန်းချက်စခန်းတစ်ခုကို ဘိန်းချက်တဲ့ ပစ္စည်း တန်ဖိုး ကျပ်သိန်းလေးထောင်ကျော်ဖိုးနဲ့အတူ သိမ်းဆည်းရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ဝ ရက်နေ့က သိမ်းဆည်းဖမ်းမိခဲ့တာဖြစ်ပြီး ဘိန်းချက်စခန်းထဲမှာ လူတွေကိုတော့ ဖမ်းမိခဲ့တာမျိုး မရှိခဲ့ဘူးလို့ လားရှိုးမူးယစ်တပ်ဖွဲ့စု ၂၄ က ရဲမှူးရဲနိုင် က ပြောပါတယ်။
"ဇူလိုင် ၁ဝ ရက်နေ့ နေ့လည်မှာ ခမရ ၁၁၉ နဲ့ ရှေ့တန်း ခမရ ၃၆၄ အဖွဲ့တွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အမှတ် ၂၄ မူးယစ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဘိန်းချက်စခန်း ကို ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပါတယ်၊ ဘိန်းချက်စခန်းကတော့ လားရှိုးမြို့နယ် မုံးလျံကျေးရွာ ပတ်ဝန်းကျင် မှာရှိတယ်ပေါ့နော်၊ ဘိန်းချက်စခန်းမှာ လူတစ်ယောက်မှ ဖမ်းဆီးရမိတာ မရှိခဲ့ပါဘူး"
အဲ့ဒီစခန်းထဲမှာ ဂတ်စ်အိုးအလုံး ၆ဝ ကျော်၊ မိုးကာတဲ အလုံး၂ဝ ကျော်၊ ရေခဲသေတ္တာ ၁၄ လုံး၊ ဆာလဖျူရစ် အက်ဆစ်ထည့်ထားတဲ့ သံပေပါ အလုံး ၇ဝ ဝန်းကျင်၊ ဆာလဖျူရစ်အက်ဆစ် ၅ ဂါလံနဲ့ဂါလန်ငါး ဆယ်ပါ ပုံး ၇ဝ ကျော်၊ ဒိုင်မီသိုင်းဆာလဖိုက်အရည်ပါ သံတိုင်ကီ ၄ဝ ကျော်၊ စမ်းသပ်ဖန်ပြွန် တစ်ရာ ကျော် စတဲ့ဆက်စပ် ပစ္စည်း ကျပ်သိန်းလေးထောင်ကျော်ဖိုးကို ဖမ်းဆီးရမိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အနီးအနားက တောင်ယာတဲတွေထဲ ရှာဖွေရာမှာ ကောင်းခါးပြည်သူ့ စစ်တံဆိပ်ပါ အင်္ကျ ီတစ် ထည်၊ စကားပြောစက် တစ်လုံး၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး တစ်လုံး၊ M22ကျည်ဘောက်တွေနဲ့ ကာဘိုင်ကျည် ၁ဝ တောင့်တို့ကို သိမ်းဆည်းရမိထားပြီး " ဝ " ပြည်နယ်နဲ့ မြန်မာပြည်အထူးဒေသ သွားလာခွင့် လက်မှတ်တွေ ကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုဖမ်းမိတဲ့စခန်းဟာ ICE လို့ ခေါ်တဲ့ မူးယစ်ဆေးဝါးကို အဓိကထုတ်လုပ်မယ့်နေရာဖြစ်နိုင်ပြီး ဘိန်းဖြူနဲ့ အခြားမူးယစ်ဆေးဝါးတွေလည်း ချက်လုပ်လို့ရနိုင်မယ့် ဘိန်းချက်စခန်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဒီအကြောင်း ရဲမှူး ရဲနိုင် ကို RFA သတင်းထောက် ကိုကံသာ က တွေ့ဆုံမေးမြန်းထားပါတယ်။