ငွေကျပ်သိန်းပေါင်း ၇ သောင်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ် မှာ ငွေကျပ်သိန်း ၇ သောင်းနီးပါး တန်ဖိုးရှိ တဲ့ မူးယစ်ဆေးဝါးတွေကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေထည့်သွင်းထားတဲ့ ပီနံအိတ်တွေကို အောက်တိုဘာလ ၂၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ် တွင် ဖမ်းဆီးရမိစဉ် .

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မှာ ငွေကျပ်သိန်း ၇ သောင်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ကွမ်းလုံကြိုးတံတားအနီးမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ သယ်ဆောင်လာသူ အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ တာဖြစ်ပြီး ကွမ်းလုံမြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့က ရဲမှူးကြီးအောင်မြတ်မိုးက အတည်ပြုပြောပါတယ်။

ဘိန်းဖြူမှုန့် ၂၉၈.၈ ကီလိုနဲ့ ဘိန်းညိုမှုန့် ၂၀၀ ကီလို ကို ပီနံအိတ် ၃၃ အိတ်နဲ့ ထုတ်ပိုးပြီး သယ်ယူလာ တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကွမ်းလုံမြို့နယ် နားသီးကျေးရွာကနေ လောက်ကိုင်ဘက်ကို သယ်ယူဖို့ဖြစ်တယ်လို့ စစ်ဆေးချက် တွေအရ သိထားရပြီး လက်ရှိမှာတော့ သယ်ဆောင်လာသူတွေ ကို မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org