ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲဖြစ်လို့ ဒေသခံရှစ်ထောင်ကျော် နေရပ်စွန်ခွာထွက်ပြေးနေရ

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ဒုတိယအပတ်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတွေအတွင်းလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ဒေသခံတွေကိုဖမ်းဆီးတာနဲ့ နေအိမ်မီးရှို့မှုတွေကြောင့် ရွာခံရှစ်ထောင်ကျော် နေရပ်စွန့်ခွာနေရတယ်လို့ KNU က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

( ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က သံလွင်မြစ်ကိုဖြတ်ပြီး ထွက်ပြေးခဲ့ကြတဲ့ ကရင်ပြည်နယ်က ဒေသခံတွေကို တွေ့ခဲ့ရစဉ်။) Photo:AFP

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ဒုတိယအပတ်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတွေအတွင်းလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ဒေသခံတွေကိုဖမ်းဆီးတာနဲ့ နေအိမ်မီးရှို့မှုတွေကြောင့် ရွာခံရှစ်ထောင်ကျော် နေရပ်စွန့်ခွာနေရတယ်လို့ KNU က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

အခုလ (၁၉) ရက်နေ့က စစ်ကောင်စီတပ်သားတွေဟာ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးနယ်အုပ်စု၊ ပိန္နဲကုန်းကျေးရွာက နေအိမ်တချို့ကို နှစ်ကြိမ်တိုင်မီးရှို့ခဲ့ပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

KNU ကျိုက်ထိုမြို့နယ် သတင်းတာဝန်ခံက "စစ်ကောင်စီဖက်က အင်အား (၅၀၀) လောက် မြို့နယ်ထဲမှာ ဖြန့်ထားတယ်၊ သူတို့စစ်ကြောင်းကနှစ်ကြောင်းထိုးလာတာတွေ့ရတယ်၊ တစ်ချို့ကိုတော့ ကင်းပုန်းချထားတာရှိမယ်" လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ အရင်က စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်လေ့မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုငြင်းဆိုထားဖူးပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တွေဟာ ကျိုက်ထိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org