အန္တရာယ်ရှိဆိုးဆေးနဲ့ မုန့်တွေကိစ္စ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် မေးမြန်း

အခြေခံပညာသင်ကျောင်းတွေမှာ ရောင်း ချနေတဲ့ အစားအသောက်တွေမှာ ဆိုးဆေးတွေ အသုံးပြုထားတဲ့အတွက် နေပြည်တော်ကောင် စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေ မှာ စစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အရောင်ဆိုးဆေးတွေပါဝင်တဲ့ မုန့်ထုပ်တွေကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

အခြေခံပညာသင်ကျောင်းတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေမှာ ဆိုးဆေးတွေ အသုံးပြုထားတဲ့ အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ စစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စာသင်ကျောင်းတွေမှာ ကလေးတွေအတွက် ရောင်း ချနေတဲ့ အစားအသောက်တွေ အန္တရာယ်ကင်းရှင်းရေး စီမံချက်ကို ဘယ်အချိန်မှာ အကောင် အထည်ဖော်ဆောင်ရွက်မလဲဆိုပြီး တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးရဲစိုးက မေးမြန်းခဲ့တာကို ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

"အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများရှိ ဈေးဆိုင်များမှာ ကျောင်းသူကျောင်းသားများကို ဆွဲဆောင်ရန် ဆိုးဆေးအလွန်အကျွံ အသုံးပြုထားတဲ့ အစားအသောက်များကို တွေ့ရှိရတဲ့အတွက်ကြောင့် စာသင်ကျောင်း မုန့်ဈေးတန်း အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက်အား အထူးစီမံချက်အနေနဲ့ ၂ဝ၁၄ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ သတ်မှတ်ရေးဆွဲ ဆောင်ရွက်လျှက်ရှိပါတယ်၊ စီမံချက်ဆောင်ရွက်တဲ့ ဒေသ ကတော့ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့ဖြစ်ပါတယ်"

အခြေခံပညာကျောင်းတွေမှာ ရောင်းချနေတဲ့ မုန့့်ပဲသွားရည်စာတွေကို စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနထံ ပေးပို့သွားမှာဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org