ဝန်ထမ်းတွေ ကြိုတင်မဲပေးတာ မှားယွင်းမှုတွေရှိနေ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိ ရပ်ကွက်မှာ မနေ့ က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး ဝန်ထမ်းတွေ ကြိုတင်မဲပေး ရာ ကြိုတင်မဲ ၂၃ မဲ ဟာ ဘောပင်နဲ့သာ အမှန်ခြစ်ခဲ့ပြီး မှားယွင်းနေတဲ့ အတွက် ဘယ်လိုဆက်လက်ဆောင်ရွက် ရမယ်ဆို တာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ် လို့သိရပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်၂ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ ဇေယျသိဒ္ဓိရပ်ကွက် ကော်မရှင်ရုံးတို့ မှာ အောက်တိုဘာလ ၃ဝ ရက်နေ့က ကြိုတင်မဲလာရောက်ပေးနေသော အစိုးရဝန်ထမ်းတချို့ကို တွေ့ရစဉ် Photo: Myo Thant Khaing/ RFA

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်မှာ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး ဝန်ထမ်းတွေ ကြိုတင်မဲပေးရာ ကြိုတင်မဲ ၂၃ မဲဟာ ဘောပင်နဲ့ သာအမှန်ခြစ်ခဲ့ပြီး မှားယွင်းနေတဲ့အတွက် ဘယ်လိုဆက် လက်ဆောင်ရွက် ရမယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ် လို့သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အထိ  မဲရုံဝန်ထမ်းတွေနဲ့ တခြား အစိုးရဝန်ထမ်းတွေ ကြိုတင်မဲစတင်ပေးနိုင်ပြီ လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးထား တာဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုမဲပေးတဲ့အခါ အရင်လို အမှန်ခြစ်လို့မရဘဲ တံဆိပ်တုံးထု မဲပေးကြရတာ ဖြစ် ပါတယ်။

နေပြည်တော်က ဇေယျသိဒ္ဓိ၊ ဘောဂသိဒ္ဓိ၊ မင်္ဂလာ သိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ဝဏ္ဏသိဒ္ဓိ၊ ဉာဏသိဒ္ဓိ၊ သုခသိဒ္ဓိ တို့မှာ ကြိုတင်မဲတွေ ပေးနေကြတာဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်ပျဉ်းမနားမြို့ရန်အောင်၂ ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ဇေယျသိဒ္ဓိ ရပ်ကွက် ကော်မရှင်ရုံးတို့မှာ ကြိုတင်မဲတွေ လာရောက်ပေးနေတာကိုတွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org