ငလျင်ဘေးကာလ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂၇၀ ကျော် သေဆုံးကြောင်း NUG ထုတ်ပြန်

မတ်လ ၂၈ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၂၇၆ ဦးရှိကာ ဒဏ်ရာရသူ ၄၅၆ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ် သင်တောရွာ မီးလောင်ပျက်စီးမှုမြင်ကွင်း။ kawlin info

ငလျင်ဘေးကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၇၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၂၇၆ ဦးရှိကာ ဒဏ်ရာရသူ ၄၅၆ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် ၃၁ ဦးပါဝင်ပြီး၊ ဒဏ်ရာရသူထဲမှာ ၄၅ ယောက် ပါဝင်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး တိုက်ခိုက်မှု ၇၃ ကြိမ် ရှိခဲ့ကာ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၅ ဦး ရှိခဲ့ပါတယ်။

ဒုတိယအများဆုံးက မန္တလေးတိုင်းဖြစ်ပြီး တိုက်ခိုက်ခံရတဲ့အကြိမ်ရေ ၆၁ ကြိမ်ရှိကာ သေဆုံးသူ ၆၅ ဦး၊ ဒဏ်ရာရသူ ၁၁၈ ဦး ရှိပါတယ်။

တတိယအများဆုံးတိုက်ခိုက်ခံရတာက မကွေးတိုင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ၂၉ ကြိမ်၊ သေဆုံးသူ ၁၂ ဦးရှိပြီး ဒဏ်ရာရသူ ၂၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဧရာတီ၊ ပဲခူး၊ ချင်း၊ ရခိုင်၊ ကချင်၊ ရှမ်း၊ ကယား (ကရင်နီ)၊ ကရင် နဲ့ မွန် စတဲ့ တိုင်း နဲ့ ပြည်နယ်တွေမှာလည်း ဒီကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက် သေဆုံး မှုတွေရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org