ပုဂံစေတီပုထိုး ၈၀ နီးပါး ပျက်စီးမှုရှိ

ပြင်းအား ၆.၈ ရစ်ချ်တာစကေးပြင်းအား ရှိတဲ့ မြေငလျင်ဟာ ချောက်မြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာကြောင့် ၂၁ မိုင်သာကွာဝေးတဲ့ ပုဂံရှေးဟောင်းမြို့ က စေတီပုထိုး ၈၀ နီးပါးလောက် ပျက်စီးမှုရှိကြောင်း ကနဦးလေ့လာချက်ကို ပုဂံရှေးဟောင်းညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ ငလျင်ကြောင့် ကွမ်းတောင်ပြိုကျသွားခဲ့တဲ့ ပုဂံမြို့က စူဠာမဏိဘုရားကို တွေ့ရစဉ် Photo: Htay Htay Facebook

ပြင်းအား ၆.၈ ရစ်ချ်တာစကေးပြင်းအားရှိတဲ့ မြေငလျင်ဟာ ချောက်မြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာကြောင့် ၂၁ မိုင်သာကွာဝေးတဲ့ ပုဂံရှေးဟောင်းမြို့က စေတီပုထိုး ၈၀ နီးပါးလောက် ပျက်စီးမှုရှိကြောင်း ကနဦးလေ့လာချက်ကို ပုဂံရှေးဟောင်းညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

ပျက်စီးမှုအများဆုံးဟာ စူဠာမဏိနဲ့ ဒေသနာကြီးဘုရားနဲ့ ၂ ဆူဖြစ်ကြောင်းနဲ့ တစ်ဆူလုံးပျက်စီးတာ မရှိကြောင်း ဦးအောင်အောင်ကျော်က ပြောပါတယ်။

"လောကနန္ဒာတို့ ထီးလိုမင်းလိုတို့ စူဠာမဏိတို့ ခုရသလောက်တော့ ဘုရားအဆူ ၈ဝ ကျော်လောက် အစိတ်အပိုင်းတွေ ပြိုပျက်တာတွေ ထီးတော်ကျတာတွေ အဲ့ဒါမျိုးတွေဖြစ်သွားပါတယ်၊ ဘုရားတစ်ခုလုံး ပြိုကျသွားတာမရှိပါဘူး"

ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဘုရားတွေမှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားပါတယ်။ မနက်ဖြန် သြဂုတ်လ ၂၅ ရက်နေ့မှာ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ထိခိုက်ပျက်စီးမှုများတဲ့ ဘုရားတွေကို သွားလာခွင့် ပိတ်ပင်ထားကြောင်းလည်း ပုဂံရှေးဟောင်းညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

ငလျင်ကြောင့် ချောက်မြို့မှာ သေဆုံးသူ ၁ ဦး ၊ ပခုက္ကူမှာ သေဆုံးသူ ၁ ဦး စုစုပေါင်း ၂ ဦးရှိပြီး ပျက်စီးမှုတွေလည်း ရှိပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org