စီးပွားရေးတက္ကသိုလ်ကျောင်းသူ မယဉ်မြတ်နိုးဦး ထောင်သုံးနှစ်ချခံရ

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက မယဉ်မြတ်နိုးဦးဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ မနေ့က ထောင်သုံးနှစ် ချမှတ်ခံရပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က မယဉ်မြတ်နိုးဦးကို တွေ့ရစဥ် Photo - YUESU
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က မယဉ်မြတ်နိုးဦးဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဖေဖော်ဝါရီလ ၁၇ ရက် မနေ့က ထောင်သုံးနှစ် ချမှတ်ခံခဲ့ရတယ်လို့ စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖေဖော်ဝါရီ ၁၈ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
 
မယဉ်မြတ်နိုးဦးဟာ ပြီးခဲ့နှစ် ဧပြီလ ၁၃ ရက်နေ့က တာမွေမြို့နယ်အတွင်း အခြားသမဂ္ ဂအဖွဲ့ဝင် သုံးဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတာလို့ အမည်မဖော်လိုတဲ့ သမဂ္ဂအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
 
"အဲဒီနေ့က သပိတ်စုရပ်မှာတွေ့ဖို့ ကျမနဲ့ ချိန်းထားတာ။ ရောက်မလာတာနဲ့ စုံစမ်း ကြည့်မှ အဖမ်းခံလိုက်ရမှန်းသိတယ်။ ကျောင်းသားလူငယ်တွေကို ဖမ်းချင်သလိုဖမ်းပြီး ထောင်ချနေတဲ့ စစ်ကောင်စီကို ကျမတို့က သူငယ်ချင်းတွေကိုယ်စား အဆုံးထိ တော်လှန်မယ်"
 
ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၀ လနီးပါးအကြာမှာ ထောင်သုံးနှစ် ချမှတ်ခံရတာဖြစ်ပြီး ၁၀ လနီးပါး ချုပ်ရက်တွေကိုတော့ တရားရုံးက ထုတ်နုတ်ခံစားခွင့်ပြုထားတယ်လို့ သူက ဆိုပါတယ်။
 
မယဉ်မြတ်နိုးဦးနဲ့ အခြားသမဂ္ဂအဖွဲ့ဝင် သုံးဦးဟာ မင်္ဂလာတောင်ညွန့်တရားရုံးမှာ နောက် ထပ် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org