နိုင်ငံတော်အလံဥပဒေနဲ့ မြောက်ဦးဒေသခံ ၈ ဦးကို ဖမ်းဆီးတရားစွဲမှု တရားရုံးပယ်ချ

ဥပဒေနဲ့ ဆန့်ကျင်သူတွေထဲမှာပါဝင်ခဲ့မှုနဲ့ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်ခံခဲ့ရတဲ့ မြောက်ဦးမြို့နယ် က ဒေသခံ ၈ ဦးကို ရဲက နိုင်ငံတော်အလံဥပဒေနဲ့ ထပ်မံဖမ်းဆီးတရားစွဲဆိုတာကို မြောက်ဦး မြို့နယ် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

မြောက်ဦးမြို့နယ်တရားရုံးမှာ ဒေသခံတွေကို ၂၀၁၈ အောက်တိုဘာလ ၉ ရက်နေ့က ရုံးုထုတ်ခဲ့စဉ်

ဥပဒေနဲ့ ဆန့်ကျင်သူတွေထဲမှာပါဝင်ခဲ့မှုနဲ့ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်ခံခဲ့ရတဲ့ မြောက်ဦးမြို့နယ်က ဒေသခံ ၈ ဦးကို ရဲက နိုင်ငံတော်အလံဥပဒေနဲ့ ထပ်မံဖမ်းဆီးတရားစွဲဆိုတာကို မြောက်ဦးမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

မြောက်ဦးမြို့နယ်ဥပဒေရုံးရဲ့ အကြံပြုချက်တွေအရ တရားရုံးကနေ ငြင်းပယ်ပြီး ပြန်လွှတ်လိုက်တာလို့ အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

"မြောက်ဦးမြို့နယ် ဥပဒေရုံးရဲ့ တရားစွဲဆိုရန်မသင့် အကြံပြုချက်အရ တရားရုံးကနေပြီးတော့ ဒီကလေးတွေကို အလံတော်ဥပဒေပုဒ်မ-၁၆ အရ အရေးယူခြင်း မပြုတော့တဲ့အတွက်ကြောင့် တရားရုံးကနေ လွှတ်လိုက်ပါတယ်"

မြောက်ဦးမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးကတော့ ဒီဒေသခံ ၈ ဦးကို နောက်ထပ်စွဲဆိုထားတဲ့ အမှုနှစ်ခု ကျန်ရှိနေသေးတဲ့အတွက် အဲဒီအမှုတွေနဲ့ ဆက်လက်စွဲဆိုမလားဆိုတာ ဥပဒေရုံးကနေ အကြံပြုချက်တွေ တောင်းခံရဦးမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ရှေ့နေဦးတင်ညိုက ပြောပါတယ်။

ဒေသခံ ၈ ဦးကတော့ ရဲစခန်းကနေ နောက်ထပ်ခေါ်ရင် ပြန်လာရမယ်ဆိုတဲ့ ကတိဝန်ခံချက်ရေးထိုးပြီး အာမခံနဲ့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဆန္ဒပြသူတွေကို ရဲကသေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို စစ်တွေမြို့နယ်တရားရုံးမှာ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ ကနဦးတရားစွဲဆိုခဲ့တာပါ။

အဲဒီနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ အဲဒီဒေသခံ ၈ ဦးကို ဥပဒေနဲ့ ဆန့်ကျင်သူတွေထဲမှာ ပါဝင်ခဲ့မှုနဲ့ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org