ဝန်ကြီးစာရင်းမှာ ရွေးကောက်ခံ ကိုယ်စားလှယ်များမပါ
ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် နေပြည်တော်က လွှတ်တော် အစည်းအဝေးမှာ အစိုးရသစ် ဝန်ကြီးရာထူးအတွက် တင်သွင်း ထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက အတည်ပြုခဲ့ပေမဲ့ ဝန်ကြီးစာရင်းမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို ထည့်သွင်း စဉ်းစားခဲ့တာ မရှိတဲ့အတွက် ကိုယ်စားလှယ်တချို့ အကြား သံသယတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
-
2011-02-11 -
-
-
Your browser doesn’t support HTML5 audio
လာမဲ့ အစိုးရအသစ်မှာ ဝန်ကြီးဌာန ၃၄ ခုရာထားပြီး အတည်ပြုပြီးတဲ့ ဝန်ကြီးအရေအတွက်က ၃၀ ဖြစ်ပါတယ်။
အတည်ပြုပြီးတဲ့ ဝန်ကြီးစာရင်းထဲမှာ လွှတ်တော် ကိုယ်စားလှယ် မဟုတ်တဲ့ စစ်တပ်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ဗိုလ်ချုပ် လှမင်း၊ ဗိုလ်ချုပ် သိန်းမင်းစတဲ့ ပုဂ္ဂိုလ်တွေအပြင် အရပ်ဖက်က ဒေါက်တာ မြအေး၊ ဒေါက်တာ ဖေသက်ခင် စတဲ့ ပုဂ္ဂိုလ်တွေပါ ဝန်ကြီးတွေအဖြစ် ပါလာခဲ့ပါတယ်။
အဲဒီလို လက်ရှိ စစ်တပ်မှာ တာဝန် ထမ်းဆောင်နေသူတွေ ဝန်ကြီးစာရင်းထဲ ပါလာတာ ဘာကြောင့်လဲ ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေကြားထဲ စဉ်းစားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခု အတည်ပြုပြီးတဲ့ ဝန်ကြီးစာရင်းထဲမှာ တိုင်းရင်းသားပါတီတွေ၊ အတိုက်အခံပါတီတွေနဲ့ အမျိုးသမီးတွေ မပါတဲ့အပြင် စစ်တပ်ကပဲ နေရာ အများစုတွေ ယူထားတယ်လို့ ပြောဆို ဝေဖန် နေကြပါတယ်။
ဒါပေမဲ့ ဒီကနေ့ အစည်းအဝေးမှာတော့ ဒီလူပုဂ္ဂိုလ်တွေကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
ဒီကနေ့ လွှတ်တော် အစည်းအဝေးနဲ့ ပတ်သက်ပြီး လွှတ်တော် တက်နေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က အလုံမြို့နယ် ကိုယ်စားလှယ် ဦးခင်မောင်ရီကို RFA က ကိုဝင်းနိုင် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |