ဝန်ကြီးဦးအောင်မင်း ရှားတောမြို့မှာ သွားရောက်မဲဆွယ်

ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းဟာ သူ့မဲဆန္ဒနယ်ဖြစ် တဲ့ ရှားတောမြို့နယ်က ကျေးရွာတွေမှာ ဒေသခံတွေနဲ့တွေ့ဆုံ ပြီး မဲဆွယ်စည်းရုံးနေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကိုတွေ့ရစဉ်

ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဟာ သူ့မဲဆန္ဒနယ်ဖြစ်တဲ့ ရှားတောမြို့နယ်က ကျေးရွာတွေမှာ ဒေသခံတွေနဲ့တွေ့ဆုံပြီး မဲဆွယ်စည်းရုံးနေပါတယ်။

ဝန်ကြီး ဦးအောင်မင်းက ဒေသခံတွေရဲ့အိမ်တွေကို တစ်အိမ်တက်ဆင်းလိုက်တွေ့နေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှင်းပြတာတွေ၊ ဆန်အိတ်လှူဒါန်းတာတွေ လုပ်နေတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင် က ပြောပါတယ်။

"မနေ့ကတော့ ဦးအောင်မင်းးကနေပြီးတော့ ရှားတောမြို့ပေါ်နဲ့ ကျေးရွာအုပ်စုတွေကို လာရောက်ပြီးတော့မှ မဲဆွယ်စည်းရုံးသွားတာ လုပ်သွားတယ်ပေါ့နော်၊ သူသည်ငြိမ်းချမ်းရေးအပိုင်းမှာ ဆောင်ရွက်နေတဲ့အနေ အထားထက်အရ ဆက်လက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ဖို့ အတွက်ကြောင့်မို့လို့ တရားမျှတမှုမရှိပဲနဲ့ရယူ တာမျိုး မဖြစ်ပေါ်လိုတဲ့အတွက်ကြောင့် သူ့နေနဲ့တရားမျှတအောင်လုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်အလုပ်ကို ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ကို လုပ်ကိုင်ဆောင်ရွက်သွားတာသိရတယ်၊ သူ့ရဲ့ဇနီး ကနေပြီးတော့မှ ဝန်ထမ်းတွေနဲ့ တွေ့ဆုံသွားတာတွေရှိတယ်"

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲ့ဒီမဲဆန္ဒနယ်မှာ ရှားတောမြို့နယ်တစ်ခုလုံး ပါဝင်တဲ့အတွက် မဲပေးခွင့်ရှိသူ ၄ ထောင်နီးပါးသာ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၉ ကနေ ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ဘောလခဲမြို့နယ် အတွင်းကကျေးရွာတွေမှာ မဲဆွယ်ဖို့ အတွက် ဘောလခဲခရိုင် ကော်မရှင်ထံ ခွင့်တောင်းခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေကတဆင့် မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီး ဦးစိုးသိန်း ဝင်ရောက်ယှဉ်ပြိုင်မယ့် ဘောလခဲမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၅ ထောင်လောက် ရှိပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ဟာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အဲ့ဒီမဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းတွေကတော့ မဲဆွယ်စည်းရုံးတာမရှိသေးဘူးလို့ သိရပါတယ်။

ကယားပြည်နယ်တစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ ၁ သိန်း ၇ သောင်းကျော်ရှိပြီး မဲရုံပေါင်း ၂ဝဝ ကျော်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org