ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီတွေ ဖွဲ့စည်းဖို့ ညွှန်ကြား

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေနဲ့ တိုင်ကြားမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြို့နယ်တွေ မှာ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေကို ဖွဲ့စည်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန် ကြားထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင်ကို တွေ့ရစဉ် Photo: Wai Yan Moe Myint/RFA

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေနဲ့ တိုင်ကြားမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက မြို့နယ်တွေမှာ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေကို ဖွဲ့စည်းဖို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားပါတယ်။ အဲဒီကော်မတီက ရွေးကောက်ပွဲမတိုင်ခင်ကာလ ၊ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲနောက်ပိုင်း တိုင်ကြားမှုတွေကို ညှိနှိုင်းပေးမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင်က ပြောပါတယ်။

"ဘယ်လိုနေရာမျိုးတွေမှာ အငြင်းပွားမှုဖြစ်နိုင်သလဲ၊ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားမှု ဖြစ်ပွား လာနိုင်တယ်၊ မဲဆွယ်စည်းရုံးရေး ကာလာအတွင်းမှာ အငြင်းပွားမှု ဖြစ်ပွားလာနိုင်တယ်၊ နိုင်ငံရေးပါတီများနဲ့ တစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ တင်ပြလာတဲ့ အငြင်းပွားမှုတွေ ရှိလာနိုင်တယ်၊ အဲ့ဒါမျိုးတွေရှိလာ ရင် မြို့နယ်အဆင့် ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီက သွားရှင်းမယ်"

ဟသာၤတခရိုင်က မြို့နယ် ၆ ခုမှာ ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေကို ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ အဲဒီကော်မတီတွေမှာ မြို့နယ်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ မြို့မိမြို့ဖတွေ ပါဝင်ပါ တယ်။ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဗဟိုမှာတော့ ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီက ကိုယ်စားလှယ်တစ်ဦးစီနဲ့ ကော်မရှင်က တာဝန်ရှိသူတွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org