ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် စာရင်း ထုတ်ပြန်ကြေညာ

နိုဝင်ဘာလမှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကျင်းပမယ့် တစ်နိုင်ငံလုံးက လွှတ်တော် အသီးသီးအတွက် မဲဆန္ဒနယ်စာရင်းအပြည့်အစုံ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်တစ်ခုမှာ မဲစာရင်းလာရောက်ကြည့်ရှုဖို့ နှိုးဆော်ကြော်ငြာထားစဉ် Photo: Aung Thain Kha/ RFA

နိုဝင်ဘာလမှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကျင်းပမယ့် တစ်နိုင်ငံလုံးက လွှတ်တော်အသီးသီး အတွက် မဲဆန္ဒနယ်စာရင်း အပြည့်အစုံကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်တို့အတွက် စုစုပေါင်း မဲဆန္ဒနယ်မြေ ၁၁၇၁ နယ်မြေရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃ဝ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် ရှိတယ်လို့ သတ်မှတ်ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုလည်း အခု ဇူလိုင်လထဲမှာ ထုတ်ပြန်ကြေညာဖို့ ရှိတယ်လို့ လည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ဆင်ဟွာသတင်းမှာ ရေးသားထား ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းအတွင်းကျင်းမယ်လို့ ကော်မရှင်က ကနဦးပြောဆိုထားပြီး လက်ရှိမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၈၃ ခု ရှိတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org