ပယ်ချခံရသူ ၁၁ ဦးကို ကိုယ်စား လှယ်လောင်းအဖြစ် ကော်မရှင်ပြန် အတည်ပြု
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ) နဲ့ ၁ဝ (င) တို့ အရ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ အကြောင်းပြကာ သက်ဆိုင်ရာတိုင်းနဲ့ခရိုင် အသီးသီးက ပယ်ချခံထားရသူ ၁၈ ဦးအနက် ၁၁ ဦး ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ကိုယ်စားလှယ်လောင်း အဖြစ်ပြန်လည်အတည်ပြုလိုက် ပါတယ်။
-
2015-09-20 -
-
-
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ) နဲ့ ၁ဝ (င) တို့ အရ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှု မရှိဘူးလို့အကြောင်းပြကာ သက်ဆိုင်ရာတိုင်းနဲ့ခရိုင် အသီးသီးက ပယ်ချခံထားရသူ ၁၈ ဦးအနက် ၁၁ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်ပြန်လည်အတည်ပြုလိုက် ပါတယ်။
အခုပြန်လည်ခွင့်ပြုလိုက်တဲ့ကိုယ်စားလှယ်လောင်းတွေထဲမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီက၂ ဦး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီက ၂ ဦး၊အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီက ၄ ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း၂ ဦးနဲ့အတူ အမျိုးသားဒီမိုကရေစီပါတီသစ်က ဒေါ်စန်းစန်းမြင့် တို့ပါဝင်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်အခုလိုပြန်လည် အတည်ပြုလိုက်တာကို ၁၈ ရက်နေ့က အကြောင်းကြားခဲ့တယ် လို့ ဒေါ်စန်းစန်းမြင့်ကပြောပါတယ်။
"၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကလည်းဒီမှတ်ပုံတင်နဲ့ ဒီထောက်ခံချက်ပဲ၊ ခံဝင်ချက်နဲ့ ဝင်လာခဲ့တယ်၊ အခုကျမှပယ်တယ်ဆိုတော့၊ နယ်ကနေပြီးတော့ ဦးလေး အရင်းရဲ့သား၊ မောင်နှမနှစ်ယောက် ကျမ်းကျိန်ပေးတယ်၊ ဘာကြောင့်ကျမ်းကျိန်လဲဆိုရင် အန်တီတို့က ကရင်၊ ဗုဒ္ဓဘာသာ၊ တိုင်းရင်းသားအမျိုးအနွယ် ကနေမွေးဖွားလာတဲ့ မိသားစုဆို သိရမယ်"
အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုလိုက်တဲ့ ၁၁ ဦးဟာ သူတို့ကိုမွေးဖွားစဉ်က မိဘနှစ်ပါးနိုင်ငံသားမဖြစ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သက်ဆိုင်ရာခရိုင်နဲ့တိုင်းတွေက ပယ်ချခံခဲ့ရသူတွေ ဖြစ်ပါတယ်။
လာမယ့်နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ခြောက်ထောင်ကျော်ထဲက တစ်ရာကျော် ကို အရည်အချင်းသတ်မှတ်ချက် နဲ့ကိုက်ညီမှုမရှိဘူးဆိုပြီး ပယ်ချခံထားရပါတယ်။ အဲဒီလို ပယ်ချခံရသူတွေထဲမှာ လက်ရှိလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူတွေလည်းပါဝင်ပါတယ်။