ကိုယ်စားလှယ်လောင်းကိုမကြည့်ပဲ NLDကို မဲပေးဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေကို အပြောင်းအလဲ လုပ်နေကြောင်းနဲ့ ကိုယ်စားလှယ်လောင်းကိုမကြည့်ပဲ ပါတီကိုကြည့်ပြီး မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
-
2015-08-07 -
-
-
Your browser doesn’t support HTML5 audio
NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေကို အပြောင်းအလဲ လုပ်နေကြောင်းနဲ့ ကိုယ်စားလှယ်လောင်းကိုမကြည့်ပဲ ပါတီကိုကြည့်ပြီး မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
NLD ပါတီကို မဲပေးကြဖို့ တောင်းဆိုနေတာဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ပြောနေတာ မဟုတ်ပဲ NLD ပါတီအနေနဲ့ အစိုးရဖွဲ့လိုတာကြောင့် တောင်းဆိုနေတာသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့မဈေးရှေ့မှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
"ကျမတို့ မဲတောင်းနေတာဟာ ဘယ်ပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ်အတွက်မှ တောင်းနေတာမဟုတ်ပါဘူး အဖွဲ့ချုပ် အတွက် တောင်းနေတာပါ၊ အဖွဲ့ချုပ်အတွက် ဘာဖြစ်လို့တောင်းနေလဲဆိုတော့ တိုတိုပြောလို့ရှိရင် ကျမတို့ အစိုးရလုပ်ချင်လို့ပဲလို့ ကျမတို့ ဒီလိုပဲပြောရမှာပဲ၊ ကျမတို့အဖွဲ့ချုပ်က အစိုးရလုပ်ချင်လို့ ဘာဖြစ်လို့လဲ ဒီနိုင်ငံ ကိုပြောင်းလဲပေးနိုင်မယ့် အခွင့်အရေး ကျမတို့လိုချင်တယ်၊ ဒီအခွင့်အရေးဆိုတာလည်း ကျမတို့ကနေ ပြီးတော့ မောင်ပိုင်စီးထားမှာမဟုတ်ဘူး၊ ပြည်သူလူထုပေးထားတဲ့အလျောက်ပဲ ပေးထားတဲ့အတိုင်းအတာအထိပဲ ကျမတို့ ယူရမှာဖြစ်ပါတယ်၊ ပြည်သူလူထုက မလိုလားတော့ဘူးဆိုလို့ရှိရင် တာဝန်မပေးချင်ဘူးဆိုလို့ရှိရင် ကျမတို့ဟာ သိက္ခာရှိရှိနဲ့ ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကို လက်ခံမှာပါ"
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုရားကြီး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ကျောက်တံခါး စတဲ့မြို့တွေ မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် ကောက်နှုတ်တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။