ဒေါက်တာ ညိုညိုသင်း တသီး ပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းဟာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။
-
2015-08-07 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းဟာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့ ၃၆ လမ်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN ရုံးခန်းမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ ညိုညိုသင်းက ပြောလိုက်ပါတယ်။
"ပြည်သူလူထုရဲ့အားပေးမှုကို ထောက်ခံမှုကို ရတဲ့အတွက်ကြောင့်မို့လို့ ဘယ်လောက်အထိ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ကျမချရခြင်းဖြစ်ပါတယ်၊ အရှုံးအနိုင်ဟာအဓိကမဟုတ်ပါဘူး၊ ကျမအနေနဲ့ ဒီအလုပ်ကိုမလုပ်သင့်ဘူး ဗဟန်းမှာပြည်သူလူထု ရွေးချယ်သောသူကို အတင်းတစ်ဦးတစ်ယောက်က ချထားတယ်ဆိုလို့ရှိရင် အဲ့ဒါကိုပြည်သူဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို သက်သေပြချင်ရုံလေးပဲရှိပါတယ်၊ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်တယ်ဆိုတာလည်း ပြောချင်ပါတယ်"
ဒေါက်တာ ညိုညိုသင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ဖို့အတွက် အမည်စာရင်းတင်ခဲ့ပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းမခံရတဲ့အတွက် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးခံဖု့ိ ကြေညာလိုက်တာ ဖြစ်ပါတယ်။
သူဟာ ဥပဒေပညာနဲ့ ဒေါက်တာဘွဲ့ရရှိထားသူဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကို ကိုယ်စားပြုကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဗဟန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကနေ နှုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ဒေါက်တာညိုညိုသင်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း ရွေးကောက်ပွဲ မဝင်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။