ရွေးကောက်ပွဲပုံစံ နှစ်မျိုး ရှိသင့်လို့ ကော်မရှင် ပြော

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ် တဲ့အခါ ရွေးကောက်ပွဲပုံစံ နှစ်မျိုးကျင့်သုံးသင့်ကြောင်း လာမယ့်လွှတ်တော်အစည်းအဝေးမှာ တင်ပြသွားမယ် လို့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာ ရေးကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး(အလယ်) စက်တင်ဘာလ ၇ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ မှာ နိုင်ငံရေးပါတီ ၃၅ ပါတီနဲ့ ဆွေးနွေးစဉ် Photo: Kyaw Zaw Win / RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ရွေးကောက်ပွဲ ပုံစံ နှစ်မျိုးကျင့်သုံးသင့်ကြောင်း လာမယ့်လွှတ်တော် အစည်းအဝေးမှာ တင်ပြသွားမယ်လို့  ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။

ပြည်နယ်တွေမှာ လက်ရှိကျင့်သုံးနေတဲ့ မဲများသူ အနိုင်ယူစနစ် FPTP ကို ကျင့်သုံးပြီး တိုင်းဒေသ ကြီးတွေမှာ ရွေးကောက်ပွဲစနစ်သစ် ရေးဆွဲကျင့်သုံး သင့်ကြောင်း တင်ပြမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ စနစ် လေ့လာရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ဇင် က ပြောပါတယ်။

"တိုင်းဒေသကြီးကိုပဲ ရွေးကောက်ပွဲ စနစ်သစ် တစ်ခုစဉ်းစားပြီးတော့ ပြည်နယ်တွေကိုတော့ အရင်အဟောင်းအတိုင်းပဲသွားပါ၊ ဘာဖြစ်လို့လဲ  အဲ့လိုသွားသင့်လဲဆိုတော့ ပြည်နယ်တွေမှာက လူဦးရေအခက်အခဲရှိတယ်၊ မြေမျက်နှာပြင် အခြေအနေရှိတယ်၊ လူမျိုးနွယ်စုတွေရဲ့ ပြဿနာရှိတယ်၊ စသဖြင့်ပေါ့နော်၊ အဲ့လိုအခက်အခဲတွေ ရှိတာကြောင့် ကျနော်တို့ဟာ ပြည်နယ်တွေကိုတော့ ဒီအတိုင်းထားပြီးတော့ တိုင်းဒေသကြီးကိုတော့ ကျနော်တို့က သွားပါလို့၊ ပြည်နယ်က ပြည်နယ်အတိုင်းတက်လာပြီးတော့ တိုင်းဒေသကြီးမှာကျတော့ တိုင်းဒေသကြီး စနစ်သစ်တစ်ခုကိုင်ပြီးတော့ အဲ့ဒီစနစ်သစ်အတိုင်းသွားပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်ဥစ္စာမှ လိုက်ဖက်ညီမှှုဆိုတာမရှိဘူး၊ အဲ့ဒီတော့ ကျနော်တို့ ပိုပြီးတော့ပဲ ကိုယ်စားပြုမှှုတွေပါဝင်နိုင်မယ့် အဲ့လိုအခြေအနေတစ်ရပ်ကိုဖန်တီးတဲ့ သဘောပါခင်ဗျ၊ အဲ့လိုပဲ ကျနော်တို့ တင်ပြမှာပါ"

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဟာ ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲ စနစ်ပုံစံ သစ်ဖော်ဆောင်ဖို့ လေ့လာသုံးသပ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ကို ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့က အဖွဲ့ဝင် ၂၄ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော် ဥက္ကဌထံ တင်ပြ ရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org