ရွေးကောက်ပွဲလုံခြုံရေး အထူးရဲ လေးသောင်း ခန့်အပ်တာဝန်ပေးမည်

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကာလမှာ တစ်နိုင်ငံလုံးအနှံ့က မဲရုံလုံခြုံရေးတာဝန်ယူ ဖို့အတွက် အထူးရဲ ၄ သောင်းဝန်းကျင် ခန့်အပ်တာဝန်ယူ သွားမှာဖြစ်ပြီး ဝန်ထမ်းအသစ်တွေခန့်ထားဖို့ စီစဉ်ထားတယ် လို့ ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး စန်းလွင်က ပြောပါတယ်။

ဥရောပသမဂ္ဂက လေ့ကျင့်ပေးခဲ့တဲ့ လူစုလူဝေး စီမံခန့်ခွဲရေးသင်တန်းကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ရဲတပ်သားများကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က တွေ့ရစဉ်

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကာလမှာ တစ်နိုင်ငံလုံးအနှံ့က မဲရုံလုံခြုံရေးတာဝန်ယူဖို့အတွက် အထူးရဲ ၄ သောင်းဝန်းကျင် ခန့်အပ်တာဝန်ယူသွားမှာဖြစ်ပြီး ဝန်ထမ်းအသစ်တွေခန့်ထားဖို့ စီစဉ်ထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး စန်းလွင်က ပြောပါတယ်။

အထူးရဲတွေကို လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ၃ လကြာ တာဝန်ပေးမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယ ရဲမှူးကြီး ဦးစန်းလွင်က ပြောပါတယ်။

"မြန်မာတစ်နိုင်ငံလုံးမှာရှိတာ လူဦးခန့်မှန်း ၄ သောင်းလောက်တော့ ရှိမှာပေါ့နော်၊ ရှမ်းပြည်နယ်မှာအနေနဲ့ ကတော့ သုံးသောင်း သုံးထောင် သုံးဆယ့်နှစ်ယောက်ပေါ့၊ ဒါလက်ရှိ မဲရုံအရေအတွက်ရဲ့စာရင်းအတိုင်း ခန့်အပ်သွားမှာဖြစ်ပါတယ်၊ အဲ့ဒီတော့ မဲရုံအရေအတွက် တိုးလာရင် ဒီအရေအတွက်ထက်လည်း တိုးလာဦး မှာပေါ့"

ရွေးကောက်ပွဲကာလ အထူးရဲအဖြစ် လျှောက်ထားဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကြေညာထားပြီး အသက် ၁၈ ကနေ ၆ဝ အတွင်း ပါတီနိုင်ငံရေးကင်းရှင်းသူ အမျိုးသားတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အထူးရဲအဖြစ် ခန့်အပ်ခံရသူတွေဟာ တစ်လလစာ ကျပ် တစ်သိန်း နှစ်သောင်း ခံစားခွင့်ရှိမှာဖြစ်ပြီး တစ်ရက်ကို ကျပ်တစ်ထောင်လည်း ရရှိမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org