မဲဆွယ်စည်းရုံးရေး ကိစ္စ ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ ဆွေးနွေးမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်တွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တွေ မနက်ဖြန် ကော်မရှင်နဲ့ တွေ့ဆုံကြ မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ တာမွေမြို့နယ် Sky Star ဟိုတယ်မှာ မေလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် လိုက်တဲ့ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တွေ မနက်ဖြန် ကော်မရှင်နဲ့  တွေ့ဆုံကြမယ်လို့ သိရ ပါတယ်။

မနက်ဖြန်တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေး ညွှန်ကြားလွှာပါ အချက်တွေထဲက  (၄) ချက် ကိုပြင်ဆင်ဖို့  ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကို တင်ပြတောင်းဆိုမှာဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်း က ပြောပါတယ်။

"ကျနော်တို့က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေပေါ့နော်၊ နောက်ညွှန်ကြား ချက်တွေပေါ့နော်၊ နည်းဥပဒေတွေ ဒါတွေ ကို ပြောမှာပါခင်ဗျ၊ ဒီညွှန်ကြားချက်တွေ ဆိုတာ အကုန်လုံးခွင့်ပြုချက်ရတောင်းဖို့ လိုတာချည်းပဲ အကုန်လုံးက ဒီခွင့်ပြုချက်တောင်းဖို့ လိုတာချည်း ပဲဆိုတော့ ကျနော်တို့က ခွင့်ပြုမိန့်လေးတွေ လျော့ပေးဖို့ပေါ့ တအားတင်းကြပ်လွန်းလို့ပါ၊ မဲဆွယ် စည်းရုံးတဲ့အချက်တွေ၊ စုရုံးဟောပြောတဲ့အချက်တွေ နောက်ပြီးတော့ ကျနော်တို့ကမီဒီယာနဲ့ စကားပြောတဲ့အချက်တွေ အဲ့ဒါတွေပါပါတယ်"

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွန်ကြားချက်နဲ့ပတ်သက်ပြီး စည်းလုံးညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA)၊ ကယန်းအမျိုးသားပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီများ စတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD  ပါတီတို့ မနေ့က NLD ရုံးချုပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ မဲဆွယ်စည်းရုံးရာမှာ ‘ကော်မရှင်ထံက ခွင့်ပြုချက်ရယူ ရမည်’ ဆိုတဲ့အစား ‘ကော်မရှင်ကို အသိပေးရန်’ အဖြစ် ပြင်ဆင်ဖို့ ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို  မီဒီယာတွေမှာ လွတ်လွတ်လပ်လပ် ထည့်သွင်းခွင့်ပြုဖို့ အပါအဝင် အချက် ၄ ချက်ကို သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ မနက်ဖြန်တွေ့ဆုံပွဲကိုတက်ရောက်မဲ့ NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org