မဲဆွယ်စည်းရုံးရေး ကျန်ကျ စရိတ်တွေ အမြန်ဆုံးတင်သွင်း ကြဖို့ ကော်မရှင် သတိပေး
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းအားလုံး မဲဆွယ်စည်းရုံးစဉ် အသုံးပြုခဲ့တဲ့ ကုန်ကျစရိတ်တွေကို အမြန်ဆုံး တင်သွင်းကြဖို့နဲ့ တင်သွင်းဖို့ ပျက်ကွက်ရင် အရည်အချင်းပျက်ယွင်းသူလို့ ကြေညာခံရ မှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ကြေညာလိုက်ပါတယ်။
-
2015-12-01 -
-
-
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံး မဲဆွယ်စည်းရုံးစဉ် အသုံးပြုခဲ့တဲ့ ကုန်ကျစရိတ်တွေကို အမြန်ဆုံး တင်သွင်းကြဖို့နဲ့ တင်သွင်းဖို့ ပျက်ကွက်ရင် အရည်အချင်းပျက်ယွင်းသူလို့ ကြေညာခံရမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက် ပါတယ်။
လက်ရှိအချိန်အထိ တင်သွင်းသူ နည်းနေသေးကြောင်းလည်း ကော်မရှင်ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ မဲဆွယ်စည်းရုံးစဉ်ကာလ အတွင်း ငွေကျပ် သိန်းတစ်ရာထက် ကျော်လွန်သုံးစွဲခွင့် မရှိကြောင်း ရွေးကောက်ပွဲနည်းဥပဒေတွေမှာ ကန့်သတ်ထားပြီး အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ကိုယ်စားလှယ်လောင်းအားလုံးဟာ ရွေးကောက်ပွဲ ရလဒ် ကြေညာပြီးနောက် တစ်လအတွင်း ကုန်ကျစရိတ်တွေကို တင်သွင်းရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲအသုံးစရိတ် ကျော်လွန်သုံးစွဲမှု၊ သတ်မှတ်ကာလအတွင်း အသုံးစရိတ်ရှင်းတမ်း မတင်ပြမှုတို့ကြောင့် ကိုယ်စားလှယ် တချို့အရည်အချင်းပျက်ယွင်းကြောင်း ထုတ်ပြန်ကြေညာခံခဲ့ရပါတယ်။
အဲဒီလိုကြေညာခံရသူဟာ နောက်လွှတ်တော်သက်တမ်းတစ်ခုအတွက် ရွေးကောက်ခံ ခွင့်မရှိသလို ရွေးချယ်ခံရပြီးချိန်ဆိုရင်လည်း ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံရ နိုင်တယ်လို့ သိရပါတယ်။