တစညပါတီ ၇၄၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၄၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။
-
2015-07-10 -
-
-
Your browser doesn’t support HTML5 audio
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇၄၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်သူ့လွှတ်တော်အတွက် ၂ဝဝ ကျော်၊ အမျိုးသားလွှတ်တော်အတွက် ၁ဝဝ ကျော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အတွက် ၄ဝဝ ကျော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး နယ်မြေတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေက ပြောပါတယ်။
"အားလုံးပေါင်း ၇၄၉ နေရာပေါ့လေ၊ ၇၄၉ ယောက် လောလောဆယ် ကျနော်တို့ ရွေးချယ်ထားပါတယ်၊ အဲ့ဒီ ၇၄၉ ယောက်မှာ ပြည်သူ့လွှတ်တော်ကတော့ ၂ဝ၂ ယောက်၊ အမျိုးသားလွှတ်တော်က ၁ဝ၁ ယောက်၊ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်မှာ ၂၃၁ ယောက် နောက်ကျနော်တို့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ရှိပါတယ်၊ အဲ့ဒီတိုင်းရင်းသားကိုယ်စားလှယ်တွေအနေနဲ့က ၁၅ ယောက် အဲ့ဒီလို ကျနော်တို့ ရွေးချယ်ထား ပါတယ်၊ ကျနော်တို့ ပါတီအနေနဲ့ကတော့ ရွေးကောက်ပွဲဝင်ဖို့ဆိုလို့ရှိရင် သက်ဆိုင်ရာ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ သက်ဆိုင်ရာတဲ့ မဲဆန္ဒနယ်မြေအရဆိုရင် ကျနော်တို့က ၆ဝ ရာခိုင်နှုန်းကျော် ဝင်ရောက်ယှဉ်ပြိုင်မယ့် အခြေအနေရှိပါတယ်"
ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို တရားဝင်ထုတ်ပြန်လိုက်ပြီးတဲ့နောက် ပါတီတွင်းမှာ ၂ ရက်ကြာ အစည်းအဝေး ကျင်းပပြီး ရွေးချယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ဝဝ ကျော်ထဲမှာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ အမျိုးသမီး ၇ဝ ကျော်နဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲက ၂ဝ၁၅ ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၁၇၁ နေရာမှာကျင်းပဖို့ သတ်မှတ်ထားပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ နဲ့ ၂ဝ၁၂ ရွေးကောက်ပွဲတွေ မှာ ကိုယ်စားလှယ် ၆၄ ယောက် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။
ဦးဟန်ရွှေကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။