လျှပ်စစ်မီတာခတွေ တိုးမြင့်ကောက်ခံရေး ဥပဒေကြမ်း လွှတ်တော်အတည်ပြု

သမ္မတဦးသိန်းစိန်က လွှတ်တော် ကိုပေးပို့ထားတဲ့ လျှပ်စစ် မီတာခတွေ တိုးမြင့်ကောက်ခံရေး ဥပဒေကြမ်းကို ဒီကနေ့ကျင်းပ တဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် ပါတယ်။

အစိုးရက လျှပ်စစ်မီတာခတွေ တိုးကောက်တာကို မကျေနပ်တဲ့ ပြည်သူများက နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီမှာ အောင်ဆန်းကွင်း ဖဆပလရပ်ကွက်ကနေပြီး တာမွေလျှပ်စစ်ရုံးအထိ ချီတက်ဆန္ဒပြခဲ့ပါသည်

သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုပေးပို့ထားတဲ့ လျှပ်စစ်မီတာခတွေ တိုးမြင့်ကောက်ခံရေး ဥပဒေကြမ်းကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အခုလို လွှတ်တော်က အတည်ပြုလိုက်ပြီအတွက် လာမယ့် ဧပြီလ ၁ ရက်နေ့ကနေစပြီး လျှပ်စစ် ဓာတ်အားသုံးစွဲခတွေကို တိုးမြင့်ထားတဲ့နှုန်းထား အသစ်နဲ့ ကောက်ခံသွားမှာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်မှာ အခုလိုပြောခဲ့ပါတယ်။

"မီတာခနှုန်းထားကို ဧပြီ ၁ ရက်နေ့ကစပြီး တိုးမြင့်ကောက်ပါမယ်၊ ကျန်တာတွေ ကတော့ နောက်မှပဲကျနော်ဖြေတော့မယ်၊ အဲဒါက အချက်အလက်နဲ့ ရှင်းရမယ်ဆိုတော့လေ၊ သူက သူ့အမြင်ကပြောတာလည်း မှန်ပါတယ်၊ ဒါပေမဲ့ ကျနော်တို့အမြင်က ဘာကြောင့်လဲ ဆိုတာ ပြန်ရှင်းပေးမယ်နော်"

အဲဒီလျှပ်စစ်မီတာခတွေ တိုးမြင့်ကောက်ခံရေး ဥပဒေကြမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တော်တော်များများက ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

လျှပ်စစ်ဝန်ကြီးဋ္ဌာနက ဓာတ်အားသုံးစွဲခနှုန်းထားတွေကို တိုးမြင့်ကောက်ခံပြီး လျှပ်စစ်မီးမရသေးတဲ့ တိုင်းရင်းသားဒေသတွေကို လျှပ်စစ်မီးပေးမယ်လို့ပြောပေမယ့် ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ဆောင်ရွက်ပေးမယ်ဆိုတာ တိတိကျကျ ရှင်းမပြခဲ့တာကြောင့် ဒီဥပဒေကို ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒီကနေ့ အတည်ပြုလိုက် လျှပ်စစ်မီတာခတွေ တိုးမြင့်ကောက်ခံရေး ဥပဒေကြမ်းအရ မီတာခနှုန်းထားသစ်တွေကို နည်းလမ်း ၅ သွယ်နဲ့ ကောက်ခံသွားမယ်လို့ဆိုပါတယ်။ အိမ်သုံး ၁၀၀ ယူနစ်အထိ တစ်ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၁ဝဝ ကျော်ကနေ ၂၀၀  အထိကို တစ်ယူနစ် ၄၀ ကျပ်နှုန်း၊ ယူနစ် ၂ဝဝ နဲ့အထက်ကို တစ်ယူနစ် ကျပ် ၅၀ နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းသုံး မီတာတွေအတွက် ယူနစ် ၅၀၀ အထိကို တစ်ယူနစ်ကို ၇၅ ကျပ်နှုန်း ယူနစ် ၅၀၀ ကျော်ကနေ ၁ သောင်းအထိကို တစ်ယူနစ် ၁၀၀ ကျပ်နှုန်း၊ ယူနစ် ၁ သောင်းကနေ ၅ သောင်းအထိကို တစ်ယူနစ် ၁၂၅ ကျပ်နှုန်း၊ ယူနစ် ၅ သောင်းကနေ ၂ သိန်းအထိကို တစ်ယူနစ် ၁၅၀ ကျပ်နှုန်း ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org