မီတာခ ဆန္ဒပြသူများ ထောင်ဒဏ် ၆လစီ ချမှတ်ခံရ

အစိုးရက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတော့မယ်လို့ ကြေညာထားတာကို ပြန်ရုပ်သိမ်းပေးဖို့အတွက် ပြီးခဲ့တဲ့နှစ် မတ်လက မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့သူ ၂ ဦးနဲ့ လာရောက်အားပေးသူ ၂ ဦး၊ စုစုပေါင်း ၄ဦးကို ချမ်းအေးသာစံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပါတယ်။

မီတာခတိုးကောက်တာကို ဆန္ဒပြခဲ့လို့ ထောင် ၆ လချခံရတဲ့ ကိုသိန်းအောင်မြင့်ကို မတ်လ ၂၃ ရက်နေ့ကတွေ့ရစဉ် Photo: Hset Paing Toe/RFA

အစိုးရက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတော့မယ် လို့ ကြေညာထားတာကို ပြန်ရုပ်သိမ်းပေးဖို့အတွက် ပြီးခဲ့တဲ့နှစ် မတ်လက မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆို ခဲ့သူ ၂ ဦးနဲ့ လာရောက်အားပေးသူ ၂ ဦး၊ စုစုပေါင်း ၄ဦးကို ချမ်းအေးသာစံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပါတယ်။

အဲဒီ ၄ ဦးကို တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုပြီး တစ်နှစ်အကြာမှာ အမိန့်ချလိုက်တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖမ်းဆီးတဲ့အတွက် ဝင်ရောက်တားမြစ်ခဲ့တာကြောင့် ပုဒ်မ ၁၈နဲ့ တရားစွဲခံရပြီး အခုလို ထောင်ချခံရ တာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ကြည့်ရှုအားပေးခဲ့တဲ့ မခက်ခက်တင်က ပြောပါတယ်။

"ကျမတို့မှာ အပြစ်မရှိပါဘူး၊ ပြည်သူတစ်ယောက်အနေနဲ့ လူတစ်ယောက်ကို အကြမ်းဖက်ခဲ့ရင်တောင်မှ အကြမ်းမဖက်ပါနဲ့လို့ ပြောပိုင်ခွင့်ရှိပါတယ်၊ ပြည်သူတစ်ယောက်အနေနဲ့ အကြမ်းမဖက်ပါနဲ့လို့ပြောပါတယ်၊ ကျမတို့ မီတာတွေမတက်နဲ့လို့ပြောတာလည်း ကျမတို့အတွက် မဟုတ်ပါဘူး၊ ကျမအမျိုးသားပြောခဲ့တယ်ဆိုတာက တတိုင်းပြည်လုံးအတွက် ကျမတို့ပြည်သူတွေအတွက် ဆန္ဒဖော်ထုတ်တာပါ၊ ကျမကလေးနှစ်ယောက်နဲ့ ဈေးသွား ဝယ်တယ်၊ ဒါပေမဲ့ သိန်းအောင်မြင့် မိန်းမအဖြစ်နဲ့ ကျမကိုအခုလို ဖမ်းဆီးပြီး ၆ လ အပြစ်ပေးခံရတယ်ဆိုတာ အမြင့်ဆုံးထောင်ဒဏ်ပါ၊ သူများတွေဆိုရင် တစ်သောင်းဆိုတဲ့ဒဏ်ငွေဖြစ်ပါတယ်"

ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက်နေ့က မန္တလေးမြို့ Diamond Plaza ရှေ့မှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ MDCF မန္တလေးတာဝန်ခံ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်နဲ့ ဆန္ဒပြပွဲကို လာရောက်အားပေးသူ မခက်ခက်တင်၊ ကိုကျော်မျိုးထွန်းတို့ကို ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၈နဲ့ တရားစွဲခဲ့တာဖြစ်ပါ တယ်။

ဒီကနေ့ ထောင်ချခံရသူ ၄ ဦးထဲက ကိုသိန်းအောင်မြင့်ဟာ ကိုပါကြီး အသတ်ခံရတာနဲ့ပတ်သက်ပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့တဲ့အတွက် အောင်မြေသာစံမြို့နယ်တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ တရားရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org