ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ မရှိသင့်လို့ ဒေါက်တာ သန်းထွဋ်အောင် ပြော

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ဟာ ဒီနေ့ နေလည်ပိုင်းက တာမွေရဲစခန်းမှာ လာရောက်ဖမ်းဆီးခံပြီး သူတို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၆၆ ဃ မရှိသင့်ဘူးလို့ ပြောလိုက်ပါတယ်။

Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင် ကို တာမွေမြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ဟာ ဒီနေ့ နေလည်ပိုင်းက တာမွေရဲစခန်းမှာ လာရောက်ဖမ်းဆီးခံ ပြီး သူတို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၆၆ ဃ မရှိသင့်ဘူးလို့ ပြောလိုက်ပါတယ်။

ဒီနေ့ တာမွေမြို့နယ် တရားရုံးအဝင်မှာ ဒေါက်တာသန်းထွန်းအောင်က အခုလို ပြောပါတယ်။

"ပုဒ်မ ၆၆ က မရှိသင့်ဘူးနော်"

မနေ့က မနက်ပိုင်း ၁ဝ နာရီကတည်းက CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ကို တာမွေရဲစခန်းကို ဆင့်ခေါ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ထုတ် Daily Eleven သတင်းစာက ဖော်ပြခဲ့တဲ့ "ရွေးကောက်ပွဲတစ်နှစ်ကြာသော်" ဆိုတဲ့ အယ်ဒီတာ့အာဘော်မှာ မကြာသေးခင်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကထွက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင် ကြီးတစ်ယောက်က ဝန်ကြီးချုပ်တစ်ယောက်ကို ဒေါ်လာတစ်သိန်းတန် နာရီ လက်ဆောင်ပေးခဲ့တယ်ဆိုပြီး ဖော်ပြ ခဲ့ပါတယ်။

အဲဒီဖော်ပြချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Daily Eleven ကို ဝန်ကြီးချုပ်နဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုသူရဲ့ နာမည်ကို ထုတ်ဖော်ပြောဖို့ မေးမြန်းခဲ့ပေမယ့် Eleven ဘက်က ပြန်မဖြေခဲ့ပါဘူး။

အဲဒီနောက်မှာတော့ ဒေါက်တာ သန်းထွဋ်အောင်ရဲ့ Facebook စာမျက်နှာနဲ့ Eleven Media ရဲ့ Facebook မှာ အဲဒီကိစ္စကို ထပ်မံရေးသားလို့ဆိုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က Eleven ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ကို တာမွေမြို့နယ် ရဲစခန်းမှာ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org