Eleven သတင်းသမား ၃ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်

ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်း အယ်ဒီတာ ကိုဖြိုးဝေတို့ ၃ ဦးကို တာမွေမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက သတင်းသမား ၃ ဦးကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် Photo: Kyaw Lwin Oo/RFA

ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်းအယ်ဒီတာ ကိုဖြိုးဝေတို့ ၃ ဦးကို တာမွေမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ သတင်းထောက်တွေဘက်က ရှေ့နေဆောင်ရွက်ပေးမယ့်သူ စာရင်းကိုတင်သွင်းခဲ့ပြီး အာမ ခံလျှောက်ထားခဲ့ပေမယ့် နောက်တစ်ပတ်ရုံးချိန်းမှ အာမခံ ရ၊ မရကို ဆုံးဖြတ်သွားမယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ဒီနေ့ တရားရုံးမှာ တရားလိုဖြစ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် လာရောက် ထွက်ဆိုခဲ့ပါတယ်။

Eleven မီဒီယာက သတင်းသမား ၃ ဦး အမှုရုံးချိန်းကို လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့ကို ထပ်မံချိန်း ဆိုလိုက်ပါတယ်။

ဒီသတင်းသမား ၃ ဦး ဖမ်းဆီးထားတာကို မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း (FCCM) နယ်စည်း မခြား သတင်းထောက်များအဖွဲ့ RSF၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI၊ နိုင်ငံတကာ စာနယ်ဇင်းသမားများ အဖွဲ့ချုပ် IFJ နဲ့ နိုင်ငံတကာ သတင်းအဖွဲ့ စတဲ့ သတင်းမီဒီယာ IPI နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုထား ကြပါတယ်။

သတင်းသမားတွေကို တရားစွဲထားတဲ့ ပုဒ်မ ၅၀၅ (ခ)ဟာ ထောင်ဒဏ် ၂ နှစ်ထိ ကျခံရနိုင်တဲ့ အမှုဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org