Eleven media အမှု အာမခံပယ်ချခံရ

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ အလဲဗင်းမီဒီယာ CEO ဒေါက်တာ သန်းထွဋ်အောင်ရဲ့ အာမခံလျှောက်ထားမှုကို တာမွေမြို့နယ် တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

အလဲဗင်းမီဒီယာ CEO ဒေါက်တာ သန်းထွဋ်အောင်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: Thant Zin Oo/RFA

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ အလဲဗင်းမီဒီယာ CEO ဒေါက်တာ သန်းထွဋ်အောင်ရဲ့ အာမခံလျှောက်ထားမှုကို တာမွေမြို့နယ် တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ဥပဒေအရ အာမခံထပ်လျှောက်ဖို့ အခွင့်အရေး ရှိနေသေးပေမယ့် အာမခံပြန်လျှောက် မလျှောက်ကိုတော့ မဆွေးနွေး ရသေးဘူးလို့ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ပြောပါတယ်။

"အာမခံဆိုတာ မူလရုံးမှာပဲ အကြိမ်ကြိမ်လျှောက်လို့ရတယ်၊ တစ်ကြိမ်တည်းလျှောက်တာ မဟုတ်ဘူး၊ အဲ့သဘောတော့ရှိတယ်၊ အဲဒီကို ကျနော်တို့ စဉ်းစားနေတယ်ပေါ့နော်"

အာမခံလျှောက်ထားမှုနဲ့ ပတ်သက်ပြီး ဒေါက်တာသန်းထွဋ်အောင်ဘက်က တရားရုံးကို တင်ပြထားတဲ့ ကျန်းမာရေး အခြေအနေနဲ့ ထောင်ဆရာဝန်ရဲ့ ဖြေကြားချက် ကွဲလွဲနေတယ်ဆိုပြီး တရားသူကြီးက အခုလိုပယ်ချတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ရုံးချိန်းကိုတော့ ဒေါက်တာသန်းထွဋ်အောင်ဟာ ခါးကျန်းမာရေးမကောင်းတဲ့အတွက် လူတွဲပြီး လာရောက်ခဲ့ရ ပါတယ်။

ဝန်ကြီးချုပ်တစ်ဦးဟာ ကျပ်သိန်းတစ်ထောင်ကျော်တန် Patek Phillipe နာရီကို လက်ဆောင်အဖြစ် ယူတယ်လို့ Eleven က ရေးသားခဲ့တဲ့အတွက် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ကို ရန်ကုန်ုတိုင်းဒေ သကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုလုပ်ပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထား တာဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းဟာ စတုတ္ထအကြိမ်ဖြစ်ပြီး နောက်ထပ်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၃၀ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး အဲဒီနေ့ရုံးချိန်းမှာ တရားလိုဘက်ကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org