ကျူးလွန်သူ အပြစ်လွတ်ပြီး ခံရသူများသာ အပြစ်ကျ

မြန်မာနိုင်ငံကဖြစ်နေတဲ့ စစ်ပွဲတွေအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူတွေကို အရေးယူတယ်ဆိုတာထက် ကျူးလွန်ခံရတဲ့သူတွေနဲ့ ကျူးလွန်ခံရတဲ့သူတွေဘက်က ရပ်တည်ပေးသူတွေသာ အရေးယူခံရ၊ တရားရင်ဆိုင်နေရကြောင်း ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က မမေစံပယ်ဖြူက ဒီနေ့ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဇွန်လ ၂၇ ရက်နေ့ကကျင်းပတဲ့ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ရပ်တန့်ရေး ဆွေးနွေးပွဲ အတွေ့အကြုံု ပြန် လည်ရှင်းလင်းပွဲမှာ နော်စူဆန်နာလှလှစိုးနဲ့ မမေစံပယ်ဖြူ တို့ကို တွေ့ရစဉ် Photo: Nay Myo Htun/RFA

မြန်မာနိုင်ငံကဖြစ်နေတဲ့ စစ်ပွဲတွေအတွင်း လိင်ပိုင်း ဆိုင်ရာ ကျူးလွန်တဲ့သူတွေကို အရေးယူတယ်ဆို တာထက် ကျူးလွန်ခံရတဲ့သူတွေနဲ့ ကျူးလွန်ခံရတဲ့ သူတွေဘက်က ရပ်တည်ပေးသူတွေသာ အရေးယူခံရ၊ တရားရင်ဆိုင်နေရကြောင်း ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က မမေစံပယ်ဖြူက ဒီနေ့ပြောကြား လိုက်ပါတယ်။

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုရပ်တန့်ရေး ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု  တက်ရောက်ခဲ့သူတွေက ဒီနေ့ ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ အတွေ့အကြုံု  ပြန် လည်ပြောကြားကြရာမှာ အခုလို ပြောလိုက် တာဖြစ်ပါတယ်။

အဲဒီ လန်ဒန်ဆွေးနွေးပွဲမှာ စစ်ပွဲတွေအတွင်း လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သူတွေကို အရေးယူတာတွေကို ပြသခဲ့ကြောင်း ကရင်အမျိုးသမီးများ ဖံ့ွဖြိုးတိုးတက်ရေးအဖွဲ့ က နော်စူဆန်နာလှလှစိုးက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

"'ဒီအခြေခံဥပဒေထဲမှာ စစ်အတွင်းမှာဖြစ်ခဲ့တဲ့ အဖြစ်တွေကို နောက်ပြန်လှည့်ပြီးတော့ တရားစွဲဆိုခြင်း မရှိစေရဆိုပြီးတော့ တစ်ခုလည်းရှိသေးတယ်၊ အခုကျမတို့တက်ခဲ့တဲ့ ဆွေးနွေးပွဲနဲ့ တခြားဆီဖြစ်နေတယ်၊ အဲဒီဆွေးနွေးပွဲမှာဆိုရင် စစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကို တရားစီရင်တဲ့ဟာကို လက်တွေ့လုပ်ပြသွားတယ်၊ အဲ့ဒီ ဟေ့ထ်ကပေါ့နော်၊ သူတို့တရားစီရင်ပြတယ်၊ နိုင်ငံတကာရဲ့ စံချိန်စံနှုန်းအတိုင်းတော့ ဖြစ်သင့်တာပေါ့နော်၊ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကတော့ အဲဒီအချက်တွေကြောင့် အများကလက်မခံနိုင်တာပေါ့နော်"

လန်ဒန်မြို့က ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကနေ ၁၃ရက်နေ့အထိ ၄ ရက် ကြာကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံက ကိုယ်စားလှယ် ၃ ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက ကိုယ်စားလှယ် ၁၃ ဦး တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org