အာဆီယံလုပ်ငန်းကျွမ်းကျင်မှု ပြိုင်ပွဲ မြန်မာ ဝင်ပြိုင်မည်
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ၁၀ ရက်ကြာကျင်းပမဲ့အာဆီယံ လုပ်ငန်းကျွမ်းကျင်မှှုပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် စက်မှုဇုန်အလုပ်သမား၊ နည်းပညာတက္ကသိုလ် နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူ ၇ ဦးဟာ ဒီကနေ့ ညနေ ၇ နာရီမှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ ထွက်ခွါသွားကြပါတယ်။
-
2014-10-19 -

၁၀ ကြိမ်မြောက် အာဆီယံလုပ်ငန်းကျွမ်းကျင်မှုပြိုင်ပွဲကို အခုလိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကျွမ်းကျင် လုပ်သားတွေကို ခက်ခက်ခဲခဲစုဆောင်းခဲ့ရတယ်လို့ ကျွမ်းကျင်မှှုပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါ် ခင်မာအေးက RFA ကို ပြောပါတယ်။
"ပြိုင်ပွဲက မေလ ၂၀၁၄ မှာကြော်ငြာလိုက်တာ သတင်းစာမှာကြော်ငြာလိုက်တယ်၊ အာဆီယံ ပြိုင်ပွဲမှာကျရင် ဧရိယာက ၂၅ မျိုးရှိတယ်၊ အဲ့ဒီ ၂၅ ထဲကနေပြီးတော့ လိုင်စင်ရှိတဲ့ ဧရိယာတွေ ၆ မျိုးလောက်ကိုတော့ရွေးလိုက်တာ၊ ရွေးပြီးတော့ အဲ့ဒီ ၆ ခုနဲ့ပတ်သက်ပြီးတော့ ယှဉ်ပြိုင်ချင်တဲ့ လူတွေရှိရင်လည်း ဆက်သွယ်ပါဆိုပြီး သတင်းစာမှာကြော်ငြာလိုက်တာ၊ သတင်းစာထဲက ကြော်ငြာလိုက်ပေမဲ့ လူတွေအများကြီးတက်မလာဘူး၊ ၈ ယောက်လားပဲလာပြိုင်တယ်၊ လျှပ်စစ်ဆိုရင် ၅ ယောက်ပဲ၊ အီလက်ထရောနစ် ကျွမ်းကျင်လူ ၂၀ လောက်ပြိုင်တယ်၊ အချက်အပြုတ်ကလည်းလူ ၂၀ ကျော်လောက်လာပြိုင်တယ်"
အာဆီယံလုပ်ငန်း ကျွမ်းကျင်မှှုပြိုင်ပွဲမှာ လုပ်ငန်းအမျိုးအစား ၂၅ မျိုး ဝင်ရောက်ယှဉ်ပြိုင်လို့ရပေမဲ့ မြန်မာနိုင်ငံ အနေနဲ့ စားပွဲထိုး၊ စားဖိုမှူး၊ လက်သမား၊ လျှပ်စစ်ကျွမ်းကျင်၊ အီလက်ထရောနစ် ကျွမ်းကျင်နဲ့ ပိုက်ဆက် ကျွမ်းကျင်ဆိုပြီး လုပ်ငန်းအမျိုးအစား ၆ မျိုးမှာသာ ဝင်ရောက်ယှဉ်ပြိုင် သွားမယ်လို့ သိရပါတယ်။
မြန်မာကျွမ်းကျင်သူတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ GIZ ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ငွေကြေးကူညီထောက်ပံ့ပေးတာဖြစ်ပြီး အလုပ်သမားအလုပ်အကိုင်နဲ့ လူမှှုဖူလုံရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှှု စံသတ်မှတ်ရေး အဖွဲ့က စိစစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။