စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ တိုင်းရင်းသားရေးရာကော်မတီကို တိုက်တွန်း

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဟာ အမည်ခံရပ်တည်မနေဘဲ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ဖို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တချို့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နမ္မတူမြို့နယ်က စစ်ပွဲတွေကြောင့် လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၈၊ သြဂုတ် ၁၄ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/ RFA

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဟာ အမည်ခံရ ပ်တည်မနေဘဲ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ဖို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တချို့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီက တင်သွင်းထားတဲ့ ကော်မတီရဲ့ အစီရင်ခံစာကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးရာမှာ ကချင်၊ ရှမ်း၊ ရခိုင်က လွှတ်တော် ကိုယ်စားလှယ် အပါအဝင် ၄ ဦး က ပါဝင်ဆွေးနွေးခဲ့တာပါ။

အဲဒီလိုဆွေးနွေးရာမှာ လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ပျက်ကွက်နေပြီး ငြိမ်းချမ်းရေးကဏ္ဍမှာ ထင်သာတဲ့ ကြိုးပမ်းမှု မတေ့ွရကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။

အဲဒီကော်မတီကို တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးအပါအဝင် ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း စတဲ့ တိုင်းရင်းသားဒေသတွေက ကိုယ်စားလှယ် စုစုပေါင်း ၁၅ ဦး နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org