တိုင်းရင်းသားအဖွဲ့အားလုံး စုံညီအစည်းအဝေး ကျင်းပမည်
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ် ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးသေး တဲ့ အဖွဲ့တွေအားလုံးရဲ့ စုံညီအစည်းအဝေး တစ်ရပ်ကို လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးလောက် မှာ ကျင်းပဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
-
2015-10-22 -
-
-
Your browser doesn’t support HTML5 audio
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေအားလုံးရဲ့ စုံညီအစည်းအဝေးတစ်ရပ်ကို လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးလောက်မှာ ကျင်းပဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးရဲ့ ဘုံတူညီချက်ဟာ NCA တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ ညီညွတ်မှုရှိနေပြီး၊ ရှေ့ဆက်ဆောင် ရွက်မယ့်အကြောင်းတွေ ဆွေးနွေးဖို့ဖြစ်တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက RFA ကိုပြောပါတယ်။
"ကျနော်တို့ လတ်တလောမှာ လက်မှတ်ရေးထိုးတဲ့အဖွဲ့၈ ဖွဲ့နဲ့ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေကလည်း ဒီ NCA အပေါ်မှာအခြေခံပြီး လာမယ့် လဝက်လောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအကုန် လုံး ပြန်တွေ့ပြီး ဘယ်လိုဆက်လက်ပြီး ပူးပေါင်းပါဝင်ရမလဲဆိုတဲ့ကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်"
လက်ရှိဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေရပ်အောင်လည်း သူတို့အနေနဲ့ နှစ်ဘက်လုံးကို ဆက်ပြီးတိုက်တွန်းနေမှာဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ အခုရက်ပိုင်းတွေမှာလည်း စာချုပ်ပါပြဌာန်းချက်တွေ အကောင်အထည်ဖော်ဖို့အတွက် အစည်းအဝေးတွေ မပြတ်ကျင်းပနေတယ်လို့ သိရပါတယ်။
ပဒိုစောကွယ်ထူးဝင်းကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။